Connect with us

International Organizations

ဂျုဗင်တပ်အသင်းက စပယ်လက်တီကို နည်းပြချုပ်အဖြစ် ခန့်အပ်

အီတလီနိုင်ငံ၊ နေပယ်မြို့တွင် နာပိုလီနှင့် လက်ချီတို့ ကစားခဲ့သည့် စီးရီးအေပွဲစဥ်အတွင်း လက်ဟန်ပြနေ သော နာပိုလီနည်းပြချုပ် လူစီယာနိုစပယ်လက်တီကို ၂၀၂၂ ခုနှစ် သြဂုတ် ၃၁ ရက်က တွေ့ရစဥ်(ဆင်ဟွာ)

ရောမ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

စီးရီးအေကလပ် ဂျုဗင်တပ်က လူစီယာနိုစပယ်လက်တီကို ကလပ်အသင်းနည်းပြချုပ်အဖြစ် အောက်တိုဘာ ၂၉ ရက်က ခန့်အပ်လိုက်ပြီး အဆိုပါ နာပိုလီနည်းပြဟောင်းမှာ ၂၀၂၅-၂၀၂၆ ရာသီကုန်အထိ ဂျုဗင်တပ်နှင့်စာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အသက် ၆၆ နှစ်အရွယ်ရှိ စပယ်လက်တီမှာ ယခုသီတင်းပတ်အစောပိုင်းက နည်းပြရာထူးမှ နုတ်ထွက်ခဲ့သော အီဂေါတူဒေါ၏ နေရာတွင် အစားထိုးခန့်အပ်ခံလိုက်ရခြင်းဖြစ်သည်။ အီဂေါတူဒေါမှာ ၈ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်၏သည်းခံနိုင်မှုကလည်း ကုန်ဆုံးသွားခဲ့ကာ တူဒေါလည်း ရာထူးမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်။

စပယ်လက်တီမှာ ဆာတယ်ဒိုအရပ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး စပီဇီယာ၊ အမ်ပိုလီအသင်းများအပါအဝင် ကစားသမားဘဝကို သင့်တင့်စွာဖြတ်သန်းကစားခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်လွန်ကာလများတွင် နည်းပြဘဝ စတင်ခဲ့သူဖြစ်သည်။
၂၀၀၀ ပြည့်နှစ်အစောပိုင်းနှစ်များတွင် အူဒီးနီးစ်ကို ၃ ရာသီဆက်တိုက် ဥရောပပြိုင်ပွဲဝင်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့ခြင်းနှင့် ၂၀၀၄-၂၀၀၅ ဘောလုံးရာသီတွင် အူးဒီးနီးစ်၏ ကလပ်သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ကစားခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့ခြင်းက စပယ်လက်တီကို ပိုမို ထင်ရှားကျော်ကြားလာစေခဲ့သည်။
နောက်ပိုင်းတွင် စပယ်လက်တီမှာ ရိုးမားအသင်းတွင် အောင်မြင်မှုရခဲ့ပြီး ရိုးမားအတွက် အီတလီ ကိုပါဖလား ၂ ကြိမ်၊ အီတလီစူပါဖလား ၁ ကြိမ်ရယူပေးနိုင်ခဲ့ကာ ၂၀၂၃ ခုနှစ်တွင်မူ နာပိုလီကို ၃၃ နှစ်အတွင်း ပထမဆုံးစီးရီးအေချန်ပီယံဖလားကို ရယူပေးနိုင်ခဲ့ပြီး နာမည်ကျော်အောင်မြင်မှုရအောင် ဦးဆောင်ပေးနိုင်ခဲ့သည်။
စပယ်လက်တီမှာ မကြာသေးခင်က အီတလီလက်ရွေးစင်အသင်းကို နည်းပြခဲ့သေးသော်လည်း ဇွန်လ အတွင်းက နော်ဝေကို ၃-၀ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ဂျုဗင်တပ်မှာ အောက်တိုဘာ ၂၉ ရက်က ကစားခဲ့သည့်စီးရီးအေပွဲစဥ်တွင် ယာယီနည်းပြ ပေါ်လို ဘရန်ဘီလာ၏ဦးဆောင်မှုဖြင့် အူဒီးနီးစ်ကို ၃-၁ ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့ကာ ရမှတ် ၁၅ မှတ်ဖြင့် စီးရီးအေ အမှတ်ပေးဇယားတွင် အဆင့် ၇ ၌ ရပ်တည်နေသည်။
အီတလီမီဒီယာများ၏ဖော်ပြမှုအရ စပယ်လက်တီ၏စာချုပ်၌ ဂျုဗင်တပ်သာ လာမည့်ရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရမည်ဆိုပါက စာချုပ်သက်တမ်းထပ်တိုးမည့် သဘောတူညီချက် ပါဝင် ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
Juventus appoints Spalletti as head coach
ROME, Oct. 30 (Xinhua) — Juventus on Thursday named Luciano Spalletti as its new head coach, with the former Napoli boss signing a contract through the end of the 2025-26 season. The 66-year-old replaces Igor Tudor, who stepped down earlier this week after the Serie A giant endured an eight-match winless run.
Born in Certaldo, Spalletti began his coaching career in the 1990s after a modest playing spell with clubs including Spezia and Empoli. He rose to prominence with Udinese in the early 2000s, guiding the club to three straight European campaigns and its first-ever Champions League qualification in 2004-05.
Spalletti later enjoyed success with Roma, winning two Coppa Italia titles and a Supercoppa Italiana, before famously leading Napoli to its first Serie A championship in 33 years in 2023. He most recently coached Italy’s national team, stepping down in June following a 3-0 defeat to Norway.
Juventus beat Udinese 3-1 on Wednesday under interim coach Paolo Brambilla and sits seventh in the Serie A standings with 15 points.
According to Italian media reports, Spalletti’s deal includes an option for extension if Juventus qualifies for next season’s UEFA Champions League. ■
Photo:
Napoli’s head coach Luciano Spalletti gestures during a Serie A football match between Napoli and Lecce in Naples, Italy, Aug. 31, 2022. (Photo by Alberto Lingria/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.