Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ပညာရေးမြှင့်တင်ရန် ကန်ဒေါ်လာ ၂၃ ဘီလီယံ အဆိုပြု

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ စာမေးပွဲဖြေဆိုရာနေရာတစ်ခု၌ စာမေးပွဲဖြေဆိုနေသူများကို ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်အစိုးရသည် ၂၀၂၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အတွင်း ပညာရေးအရည်အသွေးကောင်းမွန်ရေးနှင့် ခေတ်မီတိုးတက်စေရေးအတွက် ဗီယက်နမ်ဒေါင် ၅၈၀ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံခန့်) ခွဲဝေချထားရန် နိုဝင်ဘာ ၂၅ ရက်တွင် အဆိုပြုခဲ့ကြောင်း ဒေသတွင်းနေ့စဥ်သတင်းစာ Dan Tri က သတင်းဖော်ပြခဲ့သည်။
အဆိုပါအစီအစဥ်သည် အမျိုးသားပညာရေးစနစ်တွင် စံသတ်မှတ်ခြင်းနှင့် အလုံးစုံပြင်ဆင်မွမ်းမံရန်၊ ပညာသင်ကြားရေးအခွင့်အလမ်းများချဲ့ထွင်မှုနှင့် ပညာရေးတွင် တရားမျှတမှုသေချာစေရန် ရည်ရွယ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစီအစဥ်အရ ၂၀၃၀ ပြည့်နှစ်အရောက်တွင် အခြေခံအဆောက်အအုံများအဆင့်မြှင့်တင်ခြင်း၊ ချို့တဲ့အားနည်းသောဒေသများကို ထောက်ပံ့ကူညီခြင်းနှင့် ဝေးလံခေါင်သီသောဒေသများရှိ ကျောင်းသားများအတွက် ကျောင်းအိပ်ကျောင်းစားဘော်ဒါကျောင်းများတည်ထောင်ခြင်းများ အပါအဝင် အဓိကရည်မှန်းချက်များ ပစ်မှတ်ထားလုပ်ဆောင်ရန် ရည်ရွယ်ကြောင်းသိရသည်။
ဗီယက်နမ်အစိုးရသည် အနည်းဆုံးတက္ကသိုလ်တစ်ခု အာရှထိပ်တန်း ၁၀၀ အဆင့်ဝင်ရန်နှင့် အခြားတက္ကသိုလ်များအားလုံး အာရှထိပ်တန်း၂၀၀ အဆင့်ဝင်ရန် အများပြည်သူတက္ကသိုလ် ရှစ်ခုတွင် ရင်းနှီးမြှုပ်နှံရန်လည်း ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua)

………………….
(English Version)
Vietnam proposes 23 bln USD investment to boost education
HANOI, Nov. 25 (Xinhua) — The Vietnamese government on Tuesday proposed allocating more than 580 trillion Vietnamese dong (about 23 billion U.S. dollars) from 2026 to 2035 to modernize and improve the quality of education, local daily Dan Tri reported.
The plan aims to standardize and overhaul the national education system, expand access to learning opportunities and ensure fairness in education, according to the report.
The program targets key goals by 2030, including upgrading infrastructure, supporting disadvantaged regions, and building boarding schools for students in remote areas.
The government also aims to invest in eight public universities to help them rank among Asia’s top 200, targeting at least one in the top 100.
Photo : Examinees participate in the exam at an exam site in Hanoi, Vietnam, June 28, 2023. (VNA/Handout via Xinhua)