International Organizations
လီဗန်တေးအသင်းက နည်းပြ ကာလီရိုကို ထုတ်ပယ်
မက်ဒရစ်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
အက်သလက်တစ်ဘီလ်ဘာအိုအသင်းကို အိမ်ကွင်း၌ ၀-၂ ဂိုးဖြင့် နိုဝင်ဘာ ၂၉ ရက်က ရှုံးနိမ့်ခဲ့ပြီးနောက် ပထမအသင်းနည်းပြ ဂျုလီယန်ကာလီရိုကို ရာထူးမှထုတ်ပယ်လိုက်ကြောင်း လီဗန်တေးအသင်းက နိုဝင် ဘာ ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ရှုံးပွဲကြောင့် လီဗန်တေးအသင်းမှာ ရာသီအစ ပထမဆုံး ၁၄ ပွဲကစားပြီးနောက် ၉ မှတ်သာ ရယူ နိုင်ခဲ့ကာ လာလီဂါအမှတ်ပေးဇယားတွင် ဒုတိယအောက်ဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်။
လီဗန်တေးအသင်းက ကာလီရိုကိုထုတ်ပယ်မှုနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ကာ အတည်ပြုခဲ့သလို ယမန်နှစ်ရာသီက ဆီဂန်ဂါမှလာလီဂါသို့ တန်းပြန်တက်လာအောင် ဦးဆောင်မှုပေးနိုင်ခဲ့သည့် နည်းပြကာလီရိုကိုလည်း ကျေးဇူးတင်စကား ထည့်သွင်းပြောကြားခဲ့သည်။
အောက်တိုဘာလအတွင်း၌ အိုဗီဒိုအသင်းက ဗယ်လ်ကို ပါအူနိုဗစ်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် ကာလီရိုမှာ ယခုရာသီလာလီဂါတွင်ထုတ်ပယ်ခံရသည့် ဒုတိယမြောက်နည်းပြလည်း ဖြစ်လာခဲ့သည်။
ပါအူနိုဗစ်ကလည်း ယမန်နှစ်ရာသီက အိုဗီဒိုအသင်းကို လာလီဂါသို့ တန်းပြန်တက်လာအောင် လမ်းညွှန်ပေးနိုင်ခဲ့ပြီးနောက် ၎င်း၏နည်းပြရာထူးကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
လီဗန်တေးအသင်းကို လီဗန်တေး-B အသင်းနည်းပြ အဲလ်ဗာရိုဒဲလ်မိုရယ်နှင့် ယခင်လီဗန်တေး ကစားသမားဟောင်း ဗင်းဆင့်အိုင်ဘိုရာတို့က ယာယီတာဝန်ယူဦးဆောင်ပေးသွားမည်ဖြစ်ပြီး အောက်တန်း အသင်း CD ဆီဇာအသင်းကို ဒီဇင်ဘာ ၃ ရက်တွင် အဝေးကွင်း၌ သွားရောက်ကစားရမည့် စပိန်ဘုရင့် ဖလားပွဲစဥ်တွင် ယာယီနည်းပြများအဖြစ် တာဝန်ယူပေးသွားမည်ဖြစ်သည်။ (Xinhua)
…………………….
(English Version)
Levante sacks coach Calero
MADIRD, Nov. 30 (Xinhua)
Levante announced Sunday that it has sacked Julian Calero as first team coach in the wake of Saturday’s 2-0 defeat at home to Athletic Bilbao.
The defeat leaves Levante second from bottom of La Liga with just nine points from the first 14 matches of the season.
Levante confirmed Calero’s sacking in a statement, expressing its gratitude to the coach for leading it to promotion back to La Liga from the second division last season.
He is the second coach to be sacked in La Liga this season after Veljko Paunovic was dismissed by Oviedo in October. Paunovic also lost his job after guiding Oviedo to promotion last season.
Levante B-team coach Alvaro del Moral and former player Vicente Iborra have been placed in temporary charge of the team, and will be in the dugout for Wednesday’s Copa del Rey match away to lower division CD Cieza. ■
Photo:
Players of Levante celebrate a goal during the Laliga football match between Barcelona and Levante in Valencia, Spain, Aug. 23, 2025. (Xinhua/Stinger)
