Asia
ဂျပန်ဝန်ကြီးချုပ်ရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက “ဂျပန်နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး အဆို” ကို ပြောင်ပြောင်တင်းတင်း ပြောကြားခဲ့ရာ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်
တိုကျို၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဂျပန်ဝန်ကြီးချုပ်ရုံးမှ လုံခြုံရေးအာမခံချက်မူဝါဒရေးရာတာဝန်ခံ အဆင့်မြင့်အရာရှိတစ်ဦးက ဒီဇင်ဘာ ၁၈ ရက်တွင် “ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သင့်သည်” ဟု ပြောင်ပြောင်တင်းတင်း ပြောကြားခဲ့ရာ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Yoshihiko Noda က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိအား “ဂျပန်နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးအဆို” ကို ထုတ်ဖော်ပြောခဲ့သော အရာရှိအား အမြန်ဆုံး လူစားထိုးရန် ဒီဇင်ဘာ ၂၂ ရက်က ထပ်မံတောင်းဆိုခဲ့ကြောင်း ဂျပန် Kyodo News ၏ သတင်းအရ သိရသည်။ ထိုနေ့တွင် ဟီရိုရှီးမားခရိုင်၊ Kure မြို့၌ ၎င်းက “‘ဂျပန် နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး အဆို’ ကို လက်ကိုင်ထားသူတစ်ဦးအား ဝန်ကြီးချုပ်ရုံးရဲ့ လုံခြုံရေးအာမခံချက်မူဝါဒရေးရာမှာတာဝန်ယူဖို့ အဆင့်မြင့်အရာရှိအဖြစ် ခန့်အပ်ထားတာကိုက ပြဿနာရှိပါတယ်။ ဒါက ၎င်းကို တာဝန်ခန့်အပ်သူတွေရဲ့ တာဝန်ဖြစ်တယ်၊ သူတို့အနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဂျပန် Kyodo News ၏ အခြားသတင်းတစ်ခုအရ တာကာအိချိသည် နိုဝင်ဘာလလယ်တွင် “အမျိုးသား လုံခြုံရေး အာမခံချက် မဟာဗျူဟာ” စသည့် “လုံခြုံရေး စာရွက်စာတမ်း ၃ ခု” ကို ပြင်ဆင်ရန် စတင်ဆွေးနွေးခဲ့စဉ်ကပင် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အတွင်းရှိ နျူကလီးယားလက်နက်များ မတင်သွင်းခြင်းဆိုင်ရာမူကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ တာကာအိချိ၏ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန်ကြိုးပမ်းမှုနှင့် ပတ်သက်၍ Noda က “သူတို့ရဲ့ နျူကလီးယားအရေးအပေါ် နားလည်မှုမှာ အခြေခံကသွေဖည်မှုတွေရှိမှာကို ကျွန်တော်စိုးရိမ်မိတယ်” ဟု ပြောကြားခဲ့သည်။
ဂျပန်ကွန်မြူနစ်ပါတီ၏ မူဝါဒ အကြီးအကဲ Taku Yamazoe က ဒီဇင်ဘာ ၂၁ ရက်တွင် NHK ရုပ်မြင်သံကြားအစီအစဉ်တစ်ခု၌ ဂျပန်နိုင်ငံသည် စစ်ပွဲအတွင်း အဏုမြူဗုံးကြဲခံခဲ့ရသည့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို လူသိရှင်ကြား ငြင်းဆိုခြင်းသည် လုံးဝလက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ ပြောကြားချက်များကို ပြန်လည်ရုပ်သိမ်းသင့်ပြီး သက်ဆိုင်ရာပုဂ္ဂိုလ်များကို ရာထူးမှ ထုတ်ပယ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု ဂျပန် Shimbun Akahata ၏ ဒီဇင်ဘာ ၂၂ ရက် သတင်းတွင် ဖော်ပြထားသည်။
“ဂျပန်နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးအဆို” သည် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်းပြင်းထန်ထန် သွေဖည်ခဲ့ကြောင်း ဂျပန် Ryūkyū Shimpō ၏ ဒီဇင်ဘာ ၂၀ ရက်တွင် ဖြန့်ဝေသော အယ်ဒီတာ့အာဘော်တွင် ထောက်ပြခဲ့သည်။ ထို့အပြင် ဤပြောကြားချက်သည် အရာရှိတစ်ဦး၏ နှုတ်မှဆိုခဲ့ခြင်းဖြစ်ရာ လုံးဝလက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ ပြောကြားချက်များသည် အဏုမြူဗုံး ပေါက်ကွဲခြင်းကြောင့် နစ်နာခဲ့ရသူများ၏ စိတ်ခံစားချက်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေရာ ဂျပန်အစိုးရအနေဖြင့် မဖြစ်မနေပြန်လည်ဆင်ခြင်သုံးသပ်ပြီး “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အခိုင်အမာ လက်ကိုင်ထားသော ရပ်တည်ချက်ကို ထပ်မံ ဖော်ပြရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
ဂျပန် ဟီရိုရှီးမားခရိုင် လွှတ်တော်အစည်းအဝေးသည် ဒီဇင်ဘာ ၂၂ ရက်တွင်ပင် သဘောထားစာတမ်းတစ်စောင်ကို တညီတညွတ်တည်း အတည်ပြုခဲ့ပြီး ဂျပန်အစိုးရအနေဖြင့် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို အခိုင်အမာလိုက်နာရန် တောင်းဆိုခဲ့ကြောင်း ဂျပန် Kyodo News ၏ ဒီဇင်ဘာ ၂၂ ရက် သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ သဘောထားစာတမ်းတွင် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန် ကြိုးပမ်းမှုမှာ စိုးရိမ်မှုများကို ဖြစ်ပေါ်စေကြောင်း၊ “လွန်ခဲ့တဲ့ နှစ် ၈၀ က ဟီရိုရှီးမားနှင့် နာဂါဆာကီမှာ ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးတွေ နောက်တစ်ကြိမ်ထပ်ဖြစ်လို့မရဘူး”ဟု ဖော်ပြခဲ့ပြီး နျူကလီးယားလက်နက်များ ကင်းစင်သည့် ငြိမ်းချမ်းသော ကမ္ဘာကြီး အကောင်အထည်ဖော်လိုသော ဒေသခံပြည်သူများ၏ မျှော်လင့်ချက်များကို ဂျပန်အစိုးရအနေဖြင့် အပြည့်အဝ နားလည်ရန် တောင်းဆိုခဲ့ကြောင်း ထောက်ပြခဲ့သည်။
၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်နှင့် ၉ ရက်တွင် ကျူးကျော်စစ်ပွဲများ စတင်လုပ်ဆောင်သော ဂျပန်အား အမြန်ဆုံး လက်နက်ချအရှုံးပေးရေးကို မြှင့်တင်ရန်အတွက် အမေရိကန်စစ်တပ်သည် ဟီရိုရှီးမားနှင့် နာဂါဆာကီတို့တွင် အဏုမြူဗုံးကြဲမှု အသီးသီးလုပ်ဆောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ထိုစဉ် တာဝန်ထမ်းဆောင်နေသော Eisaku Satō က လွှတ်တော်တွင် မိန့်ခွန်းပြောကြားရာတွင် နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း မပြုလုပ်သော “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို အဆိုပြုခဲ့သည်။
ဤအခြေခံမူကို ၁၉၇၁ ခုနှစ်တွင် ဂျပန်အောက်လွှတ်တော်၏ မျက်နှာစုံညီအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး ဂျပန်အစိုးရ၏ နျူကလီးယားလက်နက်ဆိုင်ရာ အခြေခံမူဝါဒဖြစ်လာခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဂျပန်အစိုးရအတည်ပြုထားသော “လုံခြုံရေး စာရွက်စာတမ်း ၃ ခု” တွင်လည်း “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို အခိုင်အမာလိုက်နာသော အခြေခံမူဝါဒကို ပြောင်းလဲမည်မဟုတ်ကြောင်း ရေးသားဖော်ပြထားသည်။ (Xinhua)
…………….
(Chinese Version)
日本首相官邸高官扬言“日本拥核论” 引发多方批评
新华社东京12月22日电(记者陈泽安 张涛)日本首相官邸一名负责安全保障政策的高官18日扬言“日本应拥有核武器”,引发多方批评。
据日本共同社报道,立宪民主党党首野田佳彦22日再次要求日本首相高市早苗尽快撤换发表“日本拥核论”的官员。他当日在广岛县吴市表示:“任命一名持‘日本拥核论’的人担任负责安保政策的首相官邸高官本身就存在问题。这是任命者的责任,希望他们尽快采取行动。”
另据共同社报道,高市早苗11月中旬就开始探讨在修订《国家安全保障战略》等“安保三文件”时对“无核三原则”中不运进核武器的原则进行修改。关于高市企图修改“无核三原则”,野田表示:“我担心他们对核问题的认识出现根本性偏差。”
日本《赤旗报》22日报道,日本共产党政策委员长山添拓21日在日本广播协会的一档电视节目中说,日本是唯一在战争中遭到过原子弹轰炸的国家,公然否定“无核三原则”绝对不可接受,应该撤回相关言论并罢免相关人士。
日本《琉球新报》20日刊发社论指出,“日本拥核论”严重背离了“无核三原则”。而且此番言论竟出自一名高官之口,完全不可接受。相关言论严重伤害原子弹爆炸受害者的感情,日本政府必须进行反省,并再次表明坚持“无核三原则”的立场。
共同社22日报道说,日本广岛县议会全体会议当日一致通过一份意见书,要求日本政府坚持“无核三原则”。意见书指出,修改“无核三原则”的企图引发人们担忧,“80年前广岛和长崎遭遇的灾难不能重演”,并要求日本政府充分理解当地民众对实现没有核武器的和平世界的期望。
1945年8月6日和9日,为促使发动侵略战争的日本尽快投降,美军分别向广岛和长崎投放了原子弹。1967年,时任日本首相佐藤荣作在国会发言时提出“无核三原则”,即不拥有、不制造、不运进核武器。这一原则于1971年在日本众议院全体会议上获得通过,成为日本政府对核武器的基本政策。2022年,日本政府通过的“安保三文件”中,也写明坚持“无核三原则”的基本方针不会改变。(完)
图说:11月28日,民众在日本东京的首相官邸外参加抗议活动。新华社记者 贾浩成 摄
