China
တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ အဓိကဆိပ်ကမ်းက ၂၀၂၅ ခုနှစ်အတွင်း ကုန်စည်တန်ချိန် ၁.၄ ဘီလီယံ ကိုင်တွယ်ဆောင်ရွက်
နင်းပေါ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းသည် ၂၀၂၅ ခုနှစ်အတွင်း ကိုင်တွယ်ဆောင်ရွက်ခဲ့သော ကုန်စည် တန်ချိန် ၁.၄ ဘီလီယံကျော်ရှိခဲ့ရာ ၁၇ နှစ်ဆက်တိုက် နှစ်စဉ်ကုန်စည်ဖြတ်သန်းသွားလာမှုအရ ကမ္ဘာ့ပထမဆုံးအဆင့် ဖြစ်ကြောင်း ယင်းဆိပ်ကမ်းအရ သိရသည်။
၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမ၏ အဓိကအချက်အချာဖြစ်သည့်အားလျော်စွာ နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းက ကမ္ဘာ့အဆင့်အထိ ဆက်လက်တိုးချဲ့လျက်ရှိသည်။ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ယင်းဆိပ်ကမ်းက နိုင်ငံနှင့် ဒေသ ၂၀၀ ကျော်ရှိ ဆိပ်ကမ်း ၇၀၀ ကျော်နှင့် ချိတ်ဆက်ရန် ကွန်တိန်နာတင်သင်္ဘောလမ်းကြောင်း ၃၀၀ ကျော် ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ မေဆန်းဧရိယာတွင် ကုန်တင်သင်္ဘောရပ်နားထားသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ ချွမ်းဆန်းဧရိယာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ မေဆန်းဧရိယာတွင် ကုန်တင်သင်္ဘောတစ်စင်း (ဝဲ) ရပ်နားထားသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ မေဆန်းဧရိယာ လုပ်ငန်းလည်ပတ်ရေးထိန်းချုပ်စင်တာတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါ-ကျိုးဆန်းဆိပ်ကမ်းရှိ ချွမ်းဆန်းဧရိယာ ကွန်တိန်နာဆိပ်ကမ်း သိုလှောင်ရေးနေရာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………….
(English Version)
Major east China port handles 1.4 bln tonnes of cargo in 2025
NINGBO, Jan. 9 (Xinhua) — The Ningbo-Zhoushan Port saw its cargo throughput surpassing 1.4 billion tonnes in 2025, ranking the first globally in terms of annual cargo throughput for the 17th consecutive year, according to the port.
As a key hub of the 21st Century Maritime Silk Road, the Ningbo-Zhoushan Port has continued to expand its global reach. By the end of 2025, the port had offered more than 300 container shipping routes linking over 700 ports in more than 200 countries and regions.
Photo 1, 3: An aerial drone photo taken on Jan. 8, 2026 shows a view of the Chuanshan area of Ningbo-Zhoushan Port, east China’s Zhejiang Province. (Xinhua/Huang Zongzhi)
Photo 2: An aerial drone photo taken on Jan. 8, 2026 shows a cargo ship berthing at the Meishan area of Ningbo-Zhoushan Port, east China’s Zhejiang Province. (Xinhua/Huang Zongzhi)
Photo 4: A cargo ship (L) berths at the Meishan area of Ningbo-Zhoushan Port, east China’s Zhejiang Province, Jan. 8, 2026. (Xinhua/Huang Zongzhi)
Photo 5: Staff members work at the operations control center of the Meishan area of Ningbo-Zhoushan Port, east China’s Zhejiang Province on Jan. 8, 2026. (Xinhua/Huang Zongzhi)
Photo 6: An aerial drone photo taken on Jan. 8, 2026 shows the storage yard of a container terminal at the Chuanshan area of Ningbo-Zhoushan Port, east China’s Zhejiang Province. (Xinhua/Huang Zongzhi)
