Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၁၀ လအတွင်း ဆန်တန်ချိန် ၂.၃၂ သန်းကျော် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဂိုဒေါင်တစ်ခုတွင် ဆန်အိတ်များသယ်ဆောင်နေသော အလုပ်သမားများကို ၂၀၂၃ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ဆယ်လပတ်ဖြစ်သော လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂.၃၂ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဖေဖော်ဝါရီ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ဆယ်လတာကာလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၃၅ သန်းခန့် ရရှိခဲ့ကြောင်း အဖွဲ့ချုပ်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် ဆန်နှင့် ဆန်ကွဲများကို ပင်လယ်ရေကြောင်းနှင့် ကုန်းလမ်းမှတစ်ဆင့် နိုင်ငံပေါင်း ၃၀ ကျော်ကို တင်ပို့ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂.၄၈ သန်း တင်ပို့နိုင်ခဲ့ကြောင်း အဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

…………………..
(English Version)
Yangon (AAA021011) Myanmar exports over 2.32 mln tons of rice in 10 months of FY 2025-26
YANGON, Feb. 10 (Xinhua) — Myanmar exported over 2.32 million tons of rice and broken rice in the first ten months, from April last year to January this year, of the current fiscal year 2025-26, according to the Myanmar Rice Federation on Tuesday.
The Southeast Asian country earned about 735 million U.S. dollars from the exports during the ten months, the federation’s data showed.
During the period, the country exported rice and broken rice via both sea and land routes to more than 30 countries, it said.
In the fiscal year 2024-25, the country exported 2.48 million tons of rice and broken rice, the federation said. Enditem