Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် လေးလအတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် လူ ၃၂ ဦး သေဆုံးခဲ့ပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ၂၀၂၆ ခုနှစ်၊ ပထမ လေးလအတွင်း ယာဉ်မတော်တဆမှုပေါင်း ၅၂ မှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မေ ၆ ရက်ထုတ် နိုင်ငံပိုင် The Global New Light of Myanmar သတင်းတွင် ဖော်ပြထားသည်။
တရားဝင်အချက်အလက်များအရ ယမန်နှစ် အလားတူကာလတွင် ယင်းအမြန်လမ်းမကြီးပေါ်၌ လူ ၂၀ ဦး သေဆုံးခဲ့ပြီး ၁၅၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်အချက်အလက်အရ သိရသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် အရှိန်လွန်မောင်းနှင်သည့် ယာဉ်မောင်း ၄,၈၀၆ ဦးကို ဥပဒေအရအရေးယူခဲ့ပြီး၊ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သည့် ယာဉ်မောင်း ၃၃၁ ဦးအား ဒဏ်ငွေဖြင့်အရေးယူခဲ့ကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
၅၈၇ ကီလိုမီတာ ရှည်လျားသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်မြို့ နှင့် ဒုတိယအကြီးဆုံးမြို့ ဖြစ်သော မန္တလေးမြို့တို့ကို ချိတ်ဆက်ထားသည့် လမ်းမကြီးတစ်ခုဖြစ်သည်။ (Xinhua)
…………………..
(English Version)
32 killed, 63 injured in accidents on Myanmar’s Yangon-Mandalay highway over 4 months

YANGON, May 6 (Xinhua) — A total of 32 people were killed and 63 others injured in 52 traffic accidents on Myanmar’s Yangon-Mandalay highway during the first four months of 2026, the state-owned daily The Global New Light of Myanmar reported on Wednesday.
A total of 20 deaths and 159 injuries were recorded on the highway during the same period last year, official data showed.
From January to April this year, 4,806 drivers were penalized for exceeding the speed limit, while 331 were fined for failing to wear seat belts on the highway, the report said.
The 587-km Yangon-Mandalay expressway connects the country’s commercial city of Yangon and the second-largest city of Mandalay. Enditem