Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပျားရည်တန်ချိန် ၁,၀၀၆ တန်ကျော် တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံ၌ သီးနှံများအထွက်တိုးစေရေး နေကြာစိုက်ခင်းတစ်ခု၌ ပျားပုံးများချ၍ ပျားများကို ပူးတွဲမွေးမြူထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပျားရည်တန်ချိန် ၁,၀၀၆ တန်ကျော် တင်ပို့ခဲ့ပြီး၊ အဆိုပါ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၅ သန်းကျော် ဝင်ငွေရရှိခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ဆင်ဟွာသို့ မေ ၇ ရက်တွင် ပြောသည်။
အဆိုပါ ပျားရည်များကို တရုတ်၊ ဂျပန်နှင့် ထိုင်း စသည့်နိုင်ငံများသို့ အဓိကတင်ပို့နေကြောင်း ၎င်းတာဝန်ရှိသူက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပျားရည်တန်ချိန် ၁,၈၀၀ ကျော် တင်ပို့ခဲ့ကြောင်း ၎င်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)
……………………..
(English Version)
Myanmar exports over 1,006 tons of honey in 2025-26 FY
YANGON, May 7 (Xinhua) — Myanmar exported over 1,006 tons of honey in the 2025-26 fiscal year, earning over 1.5 million U.S. dollars from the exports, official said on Thursday.
The country mainly exports honey to China, Japan and Thailand, an official from the Apiculture Division under the Livestock Breeding and Veterinary Department told Xinhua.
The country exported more than 1,800 tons of honey in the 2024-25 fiscal year, he said. Enditem