Connect with us

Asia

ထိုင်းနိုင်ငံ၏ ဧပြီလ ငွေကြေးဖောင်းပွမှုက သုံးနှစ်တာအတွင်းအမြင့်ဆုံးစံချိန် ရောက်ရှိ၊ စီးပွားရေး တုံ့ဆိုင်းမှုနှင့် ငွေကြေးဖောင်းပွမှု အန္တရာယ်ရှိလာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝပ်ဖိုဘုရားကျောင်းတွင် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေကြသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မေ ၇ ရက် (ဆင်ဟွာ)

စွမ်းအင်ဈေးနှုန်းမြင့်တက်မှုနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး စရိတ်များပြားလာခြင်းကြောင့် ထိုင်းနိုင်ငံ၏ ဧပြီလ စားသုံးသူဈေးနှုန်း အညွှန်းကိန်း (CPI) သည် ယမန်နှစ်ကာလတူထက် ၂.၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မေ ၆ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံး စီးပွားရေးကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
အဆိုပါ မြင့်တက်မှုနှုန်းသည် ၃၈ လကြာကာလအတွင်း စံချိန်တင်အမြင့်ဆုံးအဆင့်ဖြစ်ပြီး ဈေးကွက်ကြိုတင်ခန့်မှန်းချက်ထက် များစွာ ကျော်လွန်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရေးရာရုံး (TPSO) ညွှန်ကြားရေးမှူး Nantapong Chiralerspong က ထိုင်းနိုင်ငံ၏ ဧပြီလ စားသုံးသူဈေးနှုန်း အညွှန်းကိန်း (CPI) မှာ ၁၀၃.၀၃ ဖြစ်ပြီး ယမန်နှစ်ကာလတူတွင် ၁၀၀.၁၄ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဧပြီလတွင် စားသောက်ကုန်မဟုတ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ ယမန်နှစ်ကာလတူထက် ၄.၁၄ ရာခိုင်နှုန်း တိုးမြင့်လာပြီး စားသောက်ကုန်နှင့် အဖျော်ယမကာမဟုတ်သော ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ ယမန်နှစ်ကာလတူထက် ၀.၉၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ဧပြီလ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုဈေးနှုန်းများကို ယမန်နှစ်ကာလတူနှင့်နှိုင်းယှဉ်ရာတွင် စုစုပေါင်း ကုန်ပစ္စည်း အမျိုးအစား ၄၆၄ မျိုး အနက် ဆန်၊ ကြက်ဥ၊ သံပရာသီး၊ အသင့်ဖျော်ကော်ဖီ၊ သောက်ရေသန့်၊ ကျောင်းကြိုပို့ကားခ၊ လေယာဉ်လက်မှတ်နှင့် လောင်စာဆီ စသည်တို့အပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၂၅၁ မျိုး၏ ဈေးနှုန်းများ မြင့်တက်နေသည်ကို တွေ့ရှိရကြောင်း Nantapong Chiralerspong က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခ ဆက်တိုက်ဖြစ်ပွားနေခြင်းနှင့် ဟော်မုဇ်ရေလက်ကြား ရေရှည်ပိတ်ဆို့ခံရခြင်းတို့၏ သက်ရောက်ခံရမှုကြောင့် ထိုင်းနိုင်ငံ၏ လောင်စာဆီဈေးနှုန်များမှာ များစွာ မြင့်တက်လာရာ အများပြည်သူသယ်ယူပို့ဆောင်ရေးယာဉ်လက်မှတ်ခများကို မြင့်တက်စေသလို အသင့်စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းကိုလည်း မြင့်တက်စေကြောင်း၊ ထို့အပြင် အလွန်အမင်း ပူပြင်းသော ရာသီဥတုကြောင့် လတ်ဆတ်သောဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းသည်လည်း လိုက်၍ မြင့်တက်လာကြောင်း Nantapong Chiralerspong က ဆိုသည်။

ထိုင်းနိုင်ငံ၏ မေလ ငွေကြေးဖောင်းပွမှုနှုန်းက ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရကြောင်း၊ အချို့စီးပွားရေးကဏ္ဍများတွင် အပြုသဘောသတင်းစကားများ ရှိစေကာမူ ထိုင်းနိုင်ငံသည် စီးပွားရေး တုံ့ဆိုင်းမှုနှင့် ငွေကြေးဖောင်းပွမှု အန္တရာယ်ကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း Nantapong Chiralerspong က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
泰国4月通胀率达三年来新高 存在滞胀风险
新华社曼谷5月6日电(记者赵彩琳 常天童)泰国商务部6日公布最新经济数据显示,受能源价格上涨及公共交通成本增加影响,泰国4月居民消费价格指数同比上涨2.89%。该涨幅创下38个月以来最高水平,远超市场预期。
泰国贸易政策与战略办公室主任南塔蓬·集拉勒斯蓬表示,泰国4月居民消费价格指数为103.03,去年同期为100.14。
南塔蓬表示,非食品饮料类产品当月价格同比上涨4.14%,食品及非酒精饮料类产品价格同比上涨0.98%。将4月商品和服务价格与去年同期对比后发现,总计464种商品中,包括大米、鸡蛋、柠檬、速溶咖啡、纯净饮用水、校车费、机票和燃油等251种商品价格上涨。
南塔蓬表示,受中东持续冲突及霍尔木兹海峡长期封锁影响,泰国燃油价格大幅上涨,持续推高公共交通票价,也导致即食食品价格上涨。此外,受极端高温天气影响,新鲜蔬菜的价格也随之上涨。
南塔蓬说,预计泰国5月通胀率还将上升。尽管部分经济信号较为积极,泰国经济仍然面临滞胀风险。(完)
1. Tourists visit the Wat Pho temple in Bangkok, Thailand, July 30, 2024. (Xinhua/Rachen Sageamsak)