Videos
ပြင်သစ်နိုင်ငံတွင် COVID-19 တတိယလှိုင်းရိုက်ခတ်မှုကြောင့်တစ်နိုင်ငံလုံး lockdown အမိန့်ချမှတ်
ပါရီ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံတွင် COVID-19 တတိယ လှိုင်း ရိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် စနေနေ့မှစကာ တစ်နိုင်ငံလုံး lockdown အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။ပြင်သစ်နိုင်ငံအတွင်း ဆေးရုံတက်ကုသမှုခံယူနေရသည့် COVID-19 ရောဂါ ပြင်းထန်လူနာပေါင်း ၅,၁၀၀ ကျော်ရှိလာပြီး သေဆုံးသူ အရေအတွက်မှာလည်း ၁သိန်းခန့်အထိ ရောက်ရှိခဲ့သည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုအားထိန်းချုပ်ရန် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကျောင်းများအား ရက်သတ္တပတ် ၃ ပတ်ကြာပိတ်ထားရန် နှင့် တစ်နိုင်ငံလုံး အသွားအလာကန့်သတ်ပိတ်ပင်သည့် lockdown သတ်မှတ်ရန် အမိန့်ထုတ်ခဲ့သည်။
ပြင်သစ်နိုင်ငံအတွင်း စနေနေ့မှစတင်ကာ အခြေခံစားသောက်ကုန်ရောင်းချသည့်ဆိုင်များမှလွဲ၍ အရောင်း ဆိုင်များ အားလုံး ပိတ်ထားရန်၊ ပြည်သူများအားလုံးနေအိမ်၌ သာ နေထိုင်ကြရန်၊ အလုပ်များအား အိမ်မှ ပြုလုပ်ရန်နှင့် မဖြစ်မနေလက်မှတ်ထိုးဆောင်ရွက်ရန်ကိစ္စများရှိပါက နေအိမ်မှ ၁၀ ကီလိုမီတာ အထိ သာ သွားလာရန် ညွှန်ကြားထားသည်။ မြို့တွင်းခရီးသွားလာရေးအားအနည်းဆုံး တလ ကြာ ရပ်တန့်ထားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)