Asia
ထိုင်း-ကမ္ဘောဒီးယား အကြီးအကဲများက ဖိလစ်ပိုင်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသအခြေအနေ ဆွေးနွေး
ဘန်ကောက်၊ မေ ၇ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်သည် မေ ၇ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ထိုင်း-ဖိလစ်ပိုင်-ကမ္ဘောဒီးယား သုံးနိုင်ငံ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ရာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသအခြေအနေ ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးက ထိုနေ့တွင် ပြောကြားခဲ့သည်။
အနူတင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ ဖိလစ်ပိုင်ဘက်တို့သည် ထိုင်း-ကမ္ဘေားဒီးယား နယ်စပ်ဒေသအခြေအနေအား အတူတကွ ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Ratchada Thanadirek က ပြောကြားခဲ့သည်။
ထိုနေ့ တွေ့ဆုံဆွေးနွေးမှုပြီးနောက် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အနူတင်က “ကျွန်တော် ခုနက ဝန်ကြီးချုပ် ဟွန်မန်နက်နဲ့ ချစ်ကြည်ရင်းနှီးပြီး ပွင့်လင်းတဲ့ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက်က တွေ့ဆုံဆွေးနွေးမှုကတစ်ဆင့် ငြိမ်းချမ်းရေးဆီ တက်လှမ်းသွားဖို့ အတူကြိုးပမ်းသွားမှာ ဖြစ်တယ်ဆိုတာကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်” ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြသည်။
အနူတင်ကလည်း ထိုင်း-ကမ္ဘောဒီးယားအနေဖြင့် နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများစေလွှတ်ကာ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ပြီး အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန် အစီအမံများ ချမှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
泰柬领导人在菲律宾讨论泰柬边境局势
新华社曼谷5月7日电(记者常天童 陈倩慈)泰国总理府7日表示,泰国总理阿努廷当天在菲律宾宿务出席泰菲柬三方会谈,讨论泰柬边境局势。
泰国总理府发言人拉差达表示,阿努廷与柬埔寨首相洪玛奈及菲律宾方面共同讨论了泰柬边境局势。
据泰国媒体报道,在当天会谈结束后举行的新闻发布会上,阿努廷说:“我刚刚与洪玛奈首相进行了友好而坦诚的讨论。我们双方再次确认,将共同努力,通过对话迈向和平。”
阿努廷还表示,泰柬将指派双方外长密切合作,制定一系列建立互信的措施。(完)
图说:5月7日,泰国总理阿努廷(右)、菲律宾总统马科斯(中)与柬埔寨首相洪玛奈在菲律宾宿务出席泰菲柬三方会谈。 新华社发
