Connect with us

Media

ဥရောပတိုက်က ရုရှား-ယူကရိန်း ပဋိပက္ခ၏ တိုက်ရိုက်အကျိုးဆက်ကို တာဝန်ယူရမည်ဖြစ်

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံအကြား ပဋိပက္ခများစတင်ဖြစ်ပွားချိန်မှစတင်ကာ ဥရောပတိုက်သည် ပဋိပက္ခ၏ တိုက်ရိုက် သက်ရောက်မှုများဖြစ်သည့် ဒုက္ခသည်များ ၊ စွမ်းအင်နှင့် စီးပွားရေး အကျပ်အတည်းများကို တာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လိကျန်းက ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

“ ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံအကြား ပဋိပက္ခတွေ စတင်ဖြစ်ပွားချိန်ကစလို့ ဥရောပတိုက်ဟာ ဒုက္ခသည်တွေ၊ စွမ်းအင်နဲ့ စီးပွားရေး အကျပ်အတည်းတွေ ရဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုကို တာဝန်ယူရမှာဖြစ်ပါတယ်၊ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီရဲ့အဆိုအရ လက်ရှိအချိန်အထိ ယူကရိန်းနိုင်ငံသား ၅ သန်းကျော်ဟာ ဥရောပတိုက်ရှိ အိမ်နီးချင်းနိုင်ငံတွေဆီကို တိမ်းရှောင်လာခဲ့ကြတာကြောင့် မမျှော်မှန်းနိုင်တဲ့ ဒုက္ခသည် အကျပ်အတည်းကိုဖန်တီးရာရောက်နေပြီဖြစ်ပါတယ် ၊ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အမြောက်အများကြောင့်လည်း ဥရောပတိုက် ရဲ့ စီးပွားရေးအညွှန်းကိန်းများစွာဟာ ယိုယွင်းပျက်စီး နေခဲ့ပြီဖြစ်ပါတယ်၊ ဥရောပ သမဂ္ဂ ရဲ့ စာရင်းအင်းတွေအရ မတ်လအတွင်း ဥရောပဒေသရဲ့ ငွေကြေးဖောင်းပွမှုဟာ သမိုင်းမှာ စံချိန်တင်အမြင့်ဆုံးဖြစ်လာခဲ့ပြီး ၇.၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ရာ အချို့နိုင်ငံများထက် ၁၅.၆ ရာခိုင်နှုန်း ခန့် အထိ မြင့်တက်လာနိုင်ခြေရှိကြောင်းသိရပါတယ်။ ငွေကြေးဈေးကွက်ထဲမှာဆိုရင်လည်း မတ်လဆန်းပိုင်းမှာ ဥရောပတိုက်ဟာ သီတင်းပတ် တစ်ပတ်အတွင်း အကြီးဆုံး ငွေလုံးငွေရင်းစီးဆင်းမှု ဖြစ်ပွားခဲ့ပြီး စတော့ရှယ်ယာဈေးကွက်ဟာလည်းထိုးကျခဲ့ပြီး ယူရိုငွေကြေး ဟာလည်း ကြောက်ခမန်းလိလိ ငွေကြေးတန်ဖိုးကျဆင်းခဲ့ပါတယ်၊ အမေရိကန် ဟာ ဥရောပတိုက်ရဲ့ ငွေကြေးစီးဆင်းမှုတွေကို တစ်နိုင်ငံထဲ စိတ်တိုင်းကျရယူနိုင်ခဲ့ပါတယ်။ ယူကရိန်း ပဋိပက္ခ ရဲ့ အဓိက သွေးထိုးမြှောက်ပင့်တဲ့ နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက “လူ့အခွင့်အရေး” ဆိုတဲ့ ဆောင်ပုဒ်ကို ကျယ်ကျယ်လောင်လောင် အော်ဟစ်နေပေမဲ့ မတ်လ အတွင်း သူ့ရဲ့ ဒုက္ခသည်လက်ခံရေးအစီအစဉ် အရ ယူကရိန်း ဒုက္ခသည်ပေါင်း ၁၂ ယောက်ကိုပဲ လက်ခံနိုင်ခဲ့ပါတယ်။ နောက်ပြီး အမေရိကန်မီဒီယာရဲ့ အဆိုအရ ယူကရိန်းဒုက္ခသည်‌ထောင်ပေါင်းများစွာဟာ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ စောင့်ဆိုင်းနေကြပြီးတော့ ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားနေတဲ့အချိန်ကတည်းက အမေရိကန် CBP ရဲ့ ဖမ်းဆီးမှုခံခဲ့ရပါတယ်၊ အမေရိကန် ရဲ့ လက်နက်ရောင်းဝယ်သူအချို့ ရဲ့ စတော့ရှယ်ယာဈေးနှုန်း ကတော့ ကြီးမားမြင့်တက်လာတာကိုလည်းမြင်တွေ့ရပါတယ်၊ ဧပြီ ၂၁ ရက်အထိ Lockheed Martin က သူတို့ရဲ့ ရှယ်ယာဈေး ၂၅.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သလို Northrop Grumman ရဲ့ ရှယ်ယာ ဈေးနှုန်းဟာ ၂၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

ပဋိပက္ခ စတင်ဖြစ်ပွားခဲ့တဲ့ အချိန် ၂ လနီးပါးရှိတဲ့အချိန်မှာတော့ ဘယ်သူကခြံစည်းရိုးပေါ်ခွထိုင်နေပြီး မီးစတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်နေတာပါလဲ၊ နောက်ပြီး ဘယ်သူကရော နိုင်ငံတကာဆက်ဆံရေးမှာလှည့်ကွက်တွေသုံးပြီး အကျိုးအမြတ်တွေဖြစ်ထွန်းနေတာပါလဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ရပ်လုံးကတော့ ဒါကိုရှင်းရှင်းလင်းလင်းသိမယ်လို့ယုံကြည်ပါတယ်’ ဆင်ဟွာသတင်းထောက်များကပေကျင်းမြို့မှသတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)

………………………….
(English Version)

GLOBALink | Europe takes direct consequence of Russia-Ukraine conflict: Chinese FM spokesperson
BEIJING, April 22 (Xinhua) — Since the start of the conflict between Russia and Ukraine, Europe has to take the direct consequence of the conflict with multiple crisis in refugees, energy and economies, Chinese Foreign Ministry spokesperson Zhao Lijian said on Friday.
SOUNDBITE (Chinese/English): ZHAO LIJIAN, Chinese Foreign Ministry spokesperson
“Since the start of the conflict between Russia and Ukraine, Europe has to take the direct consequence of the conflict with multiple crisis in refugees, energy and economies.
The UN refugee agency said that so far, there are more than 5 million Ukrainians rushing into the neighboring countries in Europe, creating unprecedented refugee crisis.
Due to the massive sanctions on Russia, multiple economic indicators in Europe have been deteriorating.
According to statistics of the European Union, the inflation rate of the euro zone in March created historic high, which surged to 7.4 percent, and may even be as high as 15.6 percent in some countries.
In the financial market, at the beginning of March, Europe had went through the largest capital outflow in a single week, with a nosedive in the stock market and the great depreciation of Euro.
The U.S. has gained substantial safe-haven flows from Europe.
As the corporate and the major instigator of the Ukraine issue, the U.S., while shouting the slogan of humanitarianism, had only approved 12 Ukrainian refugees throughout March through its refugee program.
And according to the U.S. media, still, thousands of Ukrainian refugees are stranded at the border between the U.S. and Mexico, and some are detained by the CBP since the outbreak of the conflict between Russia and Ukraine.
The stock prices of some arms dealers of the U.S. have seen great surge.
By April 21, Lockheed Martin saw its stock prices rose by 25.6 percent, and Northrop Grumman saw its stock prices surged by 24 percent.
For nearly 2 months since the outbreak of the conflict, who is sitting on fences and passing on the knives and fanning up the flames?
And who is profiting from the so-called offshore balance? I believe the international community can tell clearly.”
Xinhua News Agency correspondents reporting from Beijing.
Produced by Xinhua Global Service