Connect with us

News

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုနှင့်အကျပ်အတည်းများ ဖန်တီးရန် ကြိုးပမ်းနေသည်ဟု အီရန်က စွပ်စွဲ

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အထင်ကရ အဇာဒီမျှော်စင် (Azadi Tower) အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်က မအောင်မြင်သော “အီရန်ကြောက်ရောဂါ(Iranophobia)” မူဝါဒကို ဆက်လက်အသုံးချကာ အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုနှင့် အကျပ်အတည်းများကို ဖန်တီးရန် ကြိုးပမ်းနေကြောင်း၊ အမေရိကန်သည် ဒေသတွင်းနိုင်ငံများ၏ ပြည်တွင်းရေးကို အဆက်မပြတ် ဝင်ရောက်စွက်ဖက်ခြင်း၊ စစ်ရေးအရ သိမ်းပိုက်ခြင်းနှင့် ကျူးကျော်ခြင်း၊ လက်နက်များကို အကြီးအကျယ်ရောင်းချခြင်း နှင့် ဒေသတွင်း၌ စစ်ရေး ဝါဒ ဖြန့်ချိနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasser Kanani က ဇူလိုင် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ဘိုင်ဒန်သည် ဇူလိုင် ၁၃ ရက်မှ ၁၆ ရက်အထိ အစ္စရေးနိုင်ငံ ၊ ပါလက်စတိုင်း West Bank ဒေသ နှင့် ဆော်ဒီအာရေဗျနိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ အီရန်၏ လှုပ်ရှားမှုသည် ဒေသတွင်းတည်ငြိမ်မှုကို ဖျက်ဆီးနေကြောင်းနှင့် အမေရိကန်က အီရန်နိုင်ငံ နျူကလီးယားရရှိရေးကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ဘိုင်ဒန်က ဇူလိုင် ၁၆ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ “လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု” ထိပ်သီးအစည်းအဝေးသို့ တက်ရောက်စဉ် ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
伊朗指责美国试图在中东地区制造紧张局势和危机
新华社德黑兰7月17日电伊朗外交部发言人卡纳尼17日说,美国继续利用失败的“伊朗恐惧症”政策试图在中东地区制造紧张局势和危机,美国不断干涉地区国家内政,发动军事占领和侵略,大规模出售武器,在地区内宣扬黩武主义。