Connect with us

Media

ဝန်အားမြင့် ဘက်စုံသုံးမောင်းသူမဲ့ဒရုန်းအကြီးစားတစ်မျိုးကို အတွင်းမွန်ဂိုဒေသတွင်စတင်မိတ်ဆက်

ကွမ်ကျိုး၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေဆိပ်တွင် ပြီးခဲ့သည့်အင်္ဂါနေ့က တရုတ်နိုင်ငံ၌ အသစ်ထုတ်လုပ်ထားသော ဝန်အားမြင့်မောင်းသူမဲ့ဒရုန်းအကြီးတစ်မျိုးကို စမ်းသပ်ပျံသန်းခဲ့ကြောင်းသိရသည်။

ဘက်စုံသုံး Y5 ဟုအမည်ပေးထားသည့် မောင်းသူမဲ့ ဒရုန်းကြီးအား တရုတ်နိုင်ငံတောင်ပိုင်း ကျူးဟိုင်မြို့ တွင်အခြေစိုက်ထားသော China Aviation Industry General Aircraft Co., Ltd ကုမ္ပဏီက ထုတ်လုပ်ခဲ့သည်။

အဆိုပါဒရုန်းတွင် အတွင်းအခန်းကျယ်တစ်ခန်းပါဝင်ပြီး ဝန်အားတန်ချိန်များစွာသယ်ဆောင်နိုင်သည်။အနိမ့်ပိုင်းဒေသများတွင် အရှိန်နှိမ့်ပျံသန်းရာ၌ကောင်းစွာ လုပ်ဆောင်နိုင်ပြီး မြေသားပြေးလမ်း၊ မြက်ခင်း (သို့မဟုတ်) လေယာဉ်ပြေးလမ်း များ၌ အချိန်တိုအတွင်း အတက်အဆင်းပြုလုပ်နိုင်သည်။

အဆင့်မြင့်ထိန်းချုပ်စနစ်များတပ်ဆင်ထားသောကြောင့် အဆိုပါ မောင်းသူမဲ့ဒရုန်းမှာ သယ်ယူပို့ဆောင်ရေး၊ သဘာဝဘေးအန္တ ရာယ်စောင့်ကြည့်လေ့လာရေးနှင့်ကယ်ဆယ်ရေးစသဖြင့် လုပ်ငန်းများစွာကိုဆောင်ရွက်နိုင်ကြောင်းသိရသည်။ (Xinhua)
………………………………………
(English Version)
GLOBALink | Large general UAV makes air debut in Inner Mongolia, China

GUANGZHOU, July 21 (Xinhua) — A new general unmanned aerial vehicle (UAV) made its maiden flight at an airport in north China’s Inner Mongolia Autonomous Region on Tuesday.

The general Y5 UAV is developed by China Aviation Industry General Aircraft Co., Ltd., a company based in the southern Chinese city of Zhuhai.

The drone has a large cabin space and a high payload.It performs well at low-altitude, low-speed conditions, and is capable of short take-off and landing on a dirt runway, grass runway or an airstrip.

Equipped with an advanced control system, the UAV can undertake multiple missions such as delivery, disaster monitoring and rescue, etc.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.