Connect with us

Media

တူရကီနိုင်ငံ၏ ပထမဆုံး နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံကို ၂၀၂၃ တွင်လည်ပတ်မည်

အစ္စတန်ဘူလ်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ စွမ်းအင်နှင့်သဘာဝ အရင်းအမြစ်ဝန်ကြီး  Fatih Donmez က အသစ်ထပ်မံတွေ့ရှိခဲ့သည့် ပင်လယ်နက် ဓါတ်ငွေ့ ကြော နှင့် တူရကီနိုင်ငံ၏ ပထမဆုံးနျူကလီးယားစွမ်းအင်သုံးဓါတ်ပေါင်းဖိုမှ စွမ်းအင်စတင်ထုတ်လွှတ်ရန်  ပြီးခဲ့သည့် ဇွန် ၁၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများကထုတ်ပြန်သည်။

အစ္စတန်ဘူလ်တွင်ကျင်းပခဲ့သည့် မြေထဲပင်လယ်နှင့် အရှေ့အလယ်ပိုင်းအထူးအဖွဲ့၏နေတိုးလွှတ်တော် ရေးရာစုံညီပွဲသို့ တက်ရောက်ပြီးနောက် Donmez ၏ မှတ်ချက်ထွက်ပေါ်လာခဲ့သည်။

မိမိတို့နိုင်ငံရဲ့ ပထမဆုံး နျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောင်မှုကို Mersin ရဲ့ အရှေ့တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ Akkuyu မှာ ဆက်လက်လုပ်ဆောင်နေပါတယ်။

အဲဒီကနေ နောက်နှစ်မှာ အသုံးပြုလာနိုင်ဖို့မျှော်လင့်ထားပါတယ်၊ မိမိတို့ဟာ နည်းပညာပိုင်းအရရော၊ ဘူမိဗေဒပိုင်းအရပါ ဒုတိယနဲ့တတိယမြောက် ဓါတ်ပေါင်းဖိုတွေ အတွက် လုပ်ဆောင်နေပါတယ်။

Donmez  က “မိမိတို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ အကြီးဆုံး  ကမ်းလွန်သဘာဝ ဓါတ်ငွေ့သိုက်ကြီးကို ပင်လယ်နက်မှာတွေ့ရှိခဲ့ပါတယ်၊ ကနဦး အချက်အလက်တွေအရ အဲဒီ မှာ ကုဗမီတာပေါင်း ၅၄၀ ဘီလီယံလောက်ရှိမယ်လို့ခန့်မှန်းရပြီး  အဲဒါကို မိမိတို့ရဲ့ အမျိုးသားဓါတ်အားဖြန့်ဖြူးရေးစနစ် နဲ့ ချိတ်ဆက်နိုင်ဖို့ အားထုတ်ကြိုးပမ်းနေပါတယ်” ဟုဆိုသည်။

ဝန်ကြီးက ယင်းအနေဖြင့် မကြာသေးမီက တွေ့ရှိခဲ့သည့်  ပင်လယ်နက် ဓါတ်ငွေသိုက် ၌ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းကို တနင်္လာနေ့တွင် စတင်တည်ဆောက်ပြီး ထိုမှ ၂၀၂၆ ခုနှစ်အရောက်တွင် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

တူရကီနိုင်ငံသည် များသောအားဖြင့် စွမ်းအင်မှီခိုနေရသည့်စီးပွားရေးကြောင့်  စွမ်းအင်တင်ပို့မှု အပေါ်တွင် ရပ်တည်နေရသော နိုင်ငံ ဖြစ်သည့်အတွက် ကမ္ဘာတစ်ဝန်းလုံး စံချိန်တင် စွမ်းအင်ဈေးနှုန်းကြီးမြင့်မှုနှင့် ငွေကြေးဖောင်းပွမှုဒဏ်ကို ပြင်းထန်စွာခံစားနေရကြောင်းသိရသည်။

ထိုပြဿနာကိုဖြေရှင်းရန် တူရကီနိုင်ငံသည် အစားထိုး စွမ်းအင် အရင်းအမြစ်များကိုရှာဖွေလျက်ရှိသည်။ နျူကလီးယားဓါတ်ပေါင်းဖို တည်ဆောက်မှုအား အခြား အစီအစဉ်များနှင့်အတူစတင်ခဲ့ပြီး  အထူးသဖြင့် ပင်လယ်နက်နှင့်မြေထဲပင်လယ် တို့တွင် ဓါတ်ငွေ့သိုက်များကိုလည်း စဉ်ဆက်မပြတ်ရှာဖွေလျက်ရှိသည်။ (Xinhua)

……………………..

(English Version)

Turkey’s first nuclear plant to operate in 2023: minister

Turkish Minister of Energy and Natural Resources Fatih Donmez on Tuesday signaled next year for the start of energy production by Turkey’s first nuclear reactor and newly discovered Black Sea gas reserves, local media reported.

Donmez’s remarks came during his attendance at the NATO Parliamentary Assembly’s Mediterranean and Middle East Special Group meeting in Istanbul.

SOUNDBITE 1 (Turkish): FATIH DONMEZ, Turkish Minister of Energy and Natural Resources

“Construction of the very first nuclear reactor of our nation continues in Akkuyu (in the southeastern province of Mersin.) We hope to turn it online next year. We are also working on technological and geographical aspects of second and third reactors.”

SOUNDBITE 2 (Turkish): FATIH DONMEZ, Turkish Minister of Energy and Natural Resources

“We made the biggest off-shore natural gas discovery of the year 2020 in the Black Sea. Initial data suggest that it’s around 540 billion cubic meters, and we are working hard to connect it to our national distribution system next year.”

The minister also expressed his hopes that recently discovered Black Sea gas reserves, of which supply line construction began on Monday, would provide 25-30 percent of the national energy demand by 2026.

Record-high energy prices and inflation around the globe have also hit Turkey severely, as the country depends mostly on imports for its energy-dependent economy. The downward trend of the Turkish currency has also fed the flames, and the country’s inflation hit a record 24-year high recently.

To solve the problem, Turkey has long been looking for alternative energy sources. A nuclear reactor’s construction has started with a few others planned, and the search continues for untapped gas reserves, particularly in the Black Sea and the Mediterranean Sea.