Connect with us

Videos

တရုတ် ကြက်ခြေနီအသင်း က မြန်မာ ကြက်ခြေနီအသင်း အား ရေဘေးအလှူငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ပေးအပ်

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ကြက်ခြေနီအသင်း က မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း အား ရေဘေး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ရန် လှူဒါန်းငွေ ပေးအပ်ခြင်း အခမ်းအနား ကို သြဂုတ်လ ၇ ရက်နေ့ က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးချုပ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စား လှူဒါန်းငွေများကို ပေးအပ် ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနား ၌ သံအမတ်ကြီး ဟုန်လျန် က မိမိ အနေဖြင့် တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု ကိုယ်စား ရေဘေးဒုက္ခ ခံခဲ့ရ သည့် မြန်မာ နိုင်ငံ ပြည်သူလူထု အပေါ် နှစ်သိမ့်အားပေးစကား ပြောလိုကြောင်း ၊ တခြား လိုအပ်ချက်ရှိ သည့် အကြံပြုချက် များကိုလည်း ကြားသိလိုပြီး တရုတ် နိုင်ငံ အနေဖြင့် တက်စွမ်းသမျှ ကူညီဆောင်ရွက်ပေးလိုကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ၌ ရာသီတုပ်ကွေး (H1N1) ဖြစ်ပွား နေသည် ကို သိရှိရသည့် အတွက် တရုတ် နိုင်ငံ မှ ကူညီ ဆောင်ရွက်မှု များပြုလုပ်ပေးရန် တက်ကြွစွာ ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

ပါမောက္ခ ဒေါက်တာ မြသူ က မိမိ အနေဖြင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း နှင့် မြန်မာ နိုင်ငံ တွင် ရေဘေးကြောင့် လိုအပ်ချက်ရှိနေသူများ အားလုံး ကိုယ်စား ကျေးဇူးတင် စကားကို ဦးစွာ ပြောကြား လိုကြောင်း ၊ တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း သည် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း မှ ဝန်ထမ်းများကို နှစ်စဉ် အတွေ့အကြုံဖလှယ်ရေး နှင့် လေ့လာရေး အတွက် ဖိတ်ခေါ်ပေးခဲ့သည့် အတွက် ဗဟုသုတ အသစ် များစွာ ရရှိပြီး ရင်းနှီးမှု ကိုလည်း တိုးမြှင့် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

သံအမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စား လှူဒါန်းငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ကို မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး နောက် သံအမတ်ကြီး ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.