Connect with us

Videos

မက္ကဆီကို အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူပေါင်း ၂၃ဝ ကျော်သေဆုံး

မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ) စက်တင်ဘာလ ၁၉ ရက်နေ့က မက္ကဆီကို အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အား ၇.၁ ရစ်ချ်တာစကေးအဆင့်ရှိ ငလျင်ကြောင့်စက်တင်ဘာလ ၂၁ ရက်အထိ လူပေါင်း ၂၃ဝ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ မက္ကဆီကိုရုပ်သံလိုင်းမှ ပြိုကျမှုဖြစ်ပွားသည့်နေရာတွင်ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေမှု မြင်ကွင်းများနှင့်စေတနာ့ဝန်ထမ်းများ ဆေးဝါးကုသမှုကယ်ဆယ်ရေးဆောင်ရွက်မှု တို့ကို တိုက်ရိုက်ထုတ်လွှင့်ပြသလျက်ရှိသည်။ လွန်ခဲ့သည့် ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က နိုင်ငံတစ်ဝန်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့သည့် ငလျင်လှုပ်ခတ်သည့် ၃၂ နှစ်ပြည့်အခမ်းအနားကျင်းပပြီးနောက် ၂ နာရီခန့် အကြာတွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ယခုလှုပ်ခတ်ခဲ့သည့်ငလျင်သည် နှစ်ပေါင်း ၃ဝကျော်အတွင်း အပြင်းထန်ဆုံးနှင့် နိုင်ငံအတွင်းအသေအပျောက်အများဆုံးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.