Connect with us

Videos

လန်ဒန်အနောက်ပိုင်း ၂၇ ထပ် အဆောက်အအုံ မီးလောင်မှုဖြစ်ပွား

လန်ဒန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

လန်ဒန်မြို့ အနောက်ပိုင်း ရှိ ၂၇ထပ် အဆောက်အအုံတစ်လုံး တွင် ဇွန်လ ၁၄ ရက် နံနက်အစောပိုင်း က မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးတောက်များသည် အဆောက်အအုံ ဒုတိယထပ်မှ အပေါ်ဆုံးထပ်ထိ ကူးစက်လောင်ကျွမ်းနေကြောင်း လန်ဒန်မြို့မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်အရသိရှိရသည်။

အဆိုပါ တာဝါအား ၁၉၇၀ ပြည့်လွန်နှစ်များ တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကြိမ်ဖန်များစွာ ပြန်လည်မွမ်းမံခဲ့ကြောင်း သိရသည်။ ယင်း တာဝါတွင် အခန်းပေါင်း ၁၂၀ ပါဝင်ပြီး မီးလောင်မှုဖြစ်ပွားချိန်သည် လူအများ အိပ်ချိန်ဖြစ်သောကြောင့် အဆောက်အအုံအတွင်း၌ လူများစွာပိတ်မိနေနိုင်ကြောင်း သိရသည်။

Lancaster West အိမ်ယာဝင်းရှိ Grenfell တာဝါ ၌ မီးလောင်မှု ဖြစ်ပွားခဲ့သည်ကို ဒေသစံတော်ချိန် ၁း၁၆ နာရီတွင် ရဲတပ်ဖွဲ့က သတင်းရရှိခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြို့ ရဲတပ်ဖွဲ့က မီးလောင်မှု ဖြစ်ပွားရာ အဆောက်အဦအား ရှောင်ရှားကြရန် နှင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း တွစ်တာစာမျက်နှာ ၌ရေးသားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.