Connect with us

VIDEO

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် COVID-19 ကူးစက်မှုလူနာသစ်အရေအတွက် သုညဦး အထိ လျော့ကျ

ဝူဟန့် မတ် ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှိ ရောဂါ ဖြစ်ပွားမှု အဓိက နေရာ ဖြစ်သည့် ဝူဟန့်မြို့၌ မတ် ၁၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ်များ လုံးဝ မရှိကြောင်း မတ် ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

၎င်းမှာ ရောဂါတိုက်ဖျက်ရေး ကာလရှည်ကြာလုပ်ဆောင်ခဲ့ရသည့် မြို့တော်အတွက် ပထမဆုံးအကြိမ်အဖြစ် လူနာသစ်လုံးဝ မရှိသော မှတ်တမ်းကို ရရှိခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်လခန့်က နေ့စဉ် ရောဂါကူးစက်ခံရသူထောင်ပေါင်းများစွာတွေ့ရှိခဲ့သည်။

လက်ရှိတွင် ဝူဟန့်နှင့်ဟူပေ တို့တွင် COVID-19 အတည်ပြုလူနာ ၅၀,၀၀၅ ဦး နှင့် ၆၇,၈၀၀ ဦး အသီးသီး ကျန်နေသေးကြောင်းသိရသည်။

ဟူပေပြည်နယ်အတွင်း မတ် ၁၇ ရက် တွင် သံသယလူနာတစ်ဦးတစ်ယောက်မျှ ထပ်မံတိုးပွားလာခြင်းမရှိကြောင်း သိရသည်။

တရုတ်နိုင်ငံပြည်မကြီးတွင် ပြည်တွင်းကူးစက်မှုလူနာသစ်အရေအတွက် မှာ မတ် လ ၁၈ ရက်တွင် သုညဦး အထိ လျော့ကျခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် နိုင်ငံရပ်ခြားမှ ဝင်ရောက်လာ သူများမှ ကူးစက်မှု ခြိမ်းခြောက်ခြင်းဒဏ်ကို ပိုမိုရင်ဆိုင်ကြုံတွေ့နေရပြီး မတ် ၁၈ ရက်တွင် ရောဂါပိုးရှိသူ ၃၄ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.