Connect with us

VIDEO

COVID-19 ၏ မူလရင်းမြစ်ကို လက်ရှိအချိန်အထိ မသိရှိသေး

ကွမ်ကျိုး၊ မတ် ၂၀ ရက် (ဆင်ဟွာ)

COVID-19 ဖြစ်ပွားမှု ကို  ဝူဟန့်မြို့တွင် စတင် တွေ့ရှိခဲ့သော်လည်း ၎င်းမှာ ဝူဟန့်မြို့မှ အစပျိုးသည့် ဗိုင်းရပ်စ်ဟု ယူဆနိုင်ဖွယ်မရှိကြောင်း တရုတ်နိုင်ငံ ကျော်ကြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာပညာရှင် ကျုန်းနန်ရှန်း ဆိုသူ က မတ် ၁၈ ရက်တွင်ပြောကြားခဲ့သည်။ ကွမ်ကျိုးမြို့တွင် မတ် ၁၈ ရက် က ပြုလုပ်သည့် COVID-19 သတင်းထုတ်ပြန်ရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ကျုန်းနန်ရှင်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျုန်းနန်ရှင်းက “ COVID-19 ဖြစ်ပွားမှုကို စတင်တွေ့ရှိတယ်ဆိုတာဟာ အစပျိုးရာနေရာဖြစ်တယ်ဆိုတာနဲ့ ကွဲပြားခြားနားတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒါတွေဟာ မတူညီတဲ့ ရှုထောင့် နှစ်မျိုးပါ။ဘာလို့လည်းဆိုတော့ H1N1 က မက္ကဆီကို နိုင်ငံကနေ ၂၀၀၉ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပေမဲ့ ခင်ဗျားတို့အားလုံး မက္ကဆီကန် ဗိုင်းရပ်စ် လို့  အဓိပ္ပါယ်ဖွင့်လို့ရပါလား။ မရဘူးဆိုတာရှင်းပါတယ်။အဲဒီလိုပဲ ၂၀၁၂ ခုနှစ်မှာလည်း MERS  ရောဂါ  ဆော်ဒီအာရေဗျနိုင်ငံမှာဖြစ်တော့ ဆော်ဒီအာရေဗျဗိုင်းရပ်စ် ရယ်လို့ ခေါ်နိုင်ပါသလား။ ဒါလည်းမရပါဘူး။ ဒီရောဂါတွေက ဘယ်နည်းနဲ့မဆိုဖြစ်လာနိုင်တာပါဘဲ။ ကျွန်တော့်အမြင်ပြောရရင်တော့ COVID-19 က ဝူဟန့်မှာဖြစ်ခဲ့ပေမဲ့ ဝူဟန့်က အစပျိုးတဲ့ ဗိုင်းရပ်စ်ဆိုပြီး သတ်မှတ်လို့မရပါဘူး။ အခုထိလည်း အဲဒီလို သတ်မှတ်နိုင်မယ့် သက်သေတွေမရှိသေးပါဘူး။ ဒါက သိပ္ပံနည်းကျ ပြောဆိုခြင်းသာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.