Connect with us

Culture & Entertainment

၂၀၂၃ ခုနှစ် မယ်စကြဝဠာ မြန်မာ (Miss Universe Myanmar 2023 ) သရဖူအား အလှမယ်  အမရာဘို   ဆွတ်ခူးရရှိ

Miss Universe Myanmar 2023 သရဖူကို ဆွတ်ခူးသွားသည့် အလှမယ် အမရာဘိုအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့အကြီးကျယ်ဆုံး အလှမယ်ပြိုင်ပွဲ ဖြစ် သော မယ်စကြဝဠာ (Miss Universe 2023 ) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် မယ်စကြဝဠာ မြန်မာ(Miss Universe Myanmar) ၂၀၂၃ သရဖူဆုပိုင်ရှင်အဖြစ် ကျိုင်းတုံမြို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် အလှမယ် အမရာဘိုက ရရှိခဲ့ကြောင်း သိရသည်။

Miss Universe Myanmar 2023 သရဖူကို ဆွတ်ခူးသွားသည့် အလှမယ် အမရာဘိုအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်၌ တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသော Miss Universe Myanmar 2023 Grand Final ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေသော အလှမယ်များကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသော Miss Universe Myanmar 2023 Grand Final ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်နေသော အလှမယ်များကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Miss Universe Myanmar 2023 Grand Final ပြိုင်ပွဲတွင် 1st Runner up ဆုကို မော်လမြိုင် ကိုယ်စားပြု ယှဉ်ပြိုင်သည့် အလှမယ် ဒီး ကရရှိခဲ့ပြီး 2nd Runner up ဆုကို ဗန်းမော် ကိုယ်စားပြု ယှဉ်ပြိုင်သည့် အလှမယ် ခေမာ က ရရှိခဲ့ကြောင်း သိရသည်။

မယ်စကြဝဠာ မြန်မာ (Miss Universe Myanmar) ၂၀၂၃ သရဖူရရှိသည့် အလှမယ်သည် အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် ကျင်းပမည့် Miss Universe 2023 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“Miss Universe Myanmar 2023 ဆုရရှိသူက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ ပြုလုပ်မယ့် အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ” ဟု Miss Universe Myanmar Organization မှ National Director ဒေါ်စိုးယုဝေက ဆင်ဟွာသို့ ပြောသည်။

မယ်စကြဝဠာ မြန်မာ ၂၀၂၃ ပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကိုယ်စားပြု အလှမယ် ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Miss Universe Myanmar 2022 ကို အလှမယ် ဇာလီမိုးက ရရှိခဲ့သည်။ (Xinhua)