Connect with us

Social

Miss Grand International 2018 ပြိုင်ပွဲတွင် ပါရာဂွေးနိုင်ငံ အနိုင်ရရှိ


ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် Miss Grand International 2018 ပြိုင်ပွဲကြီးကို အောက်တိုဘာလ ၂၅ ရက်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ရာ ပါရာဂွေးနိုင်ငံ ကိုယ်စားပြုအလှမယ်Calra Sosa က အနိုင်ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကြီးတွင် 1st runner upအဖြစ် အိန္ဒိယနိုင်ငံ ကိုယ်စားပြုအလှမယ်၊2nd runner upအဖြစ် အင်ဒိုနီးရှားကိုယ်စားပြု အလှမယ်၊3rd runner up အဖြစ် ပွာတိုရီကို ကိုယ်စားပြုအလှမယ်နှင့် 4th runner upအဖြစ် ဂျပန်နိုင်ငံကိုယ်စားပြုအလှမယ်တို့က အသီးသီးရရှိခဲ့သည်။

အဆိုပါ Miss Grand International 2018 ပြိုင်ပွဲကြီး၏နောက်ဆုံးအဆင့် ပြိုင်ပွဲအား ရန်ကုန်မြို့ The One Entertainment Park တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ Miss Grand International 2018 ပြိုင်ပွဲ အကြိုပြိုင်ပွဲကို အောက်တိုဘာ ၂၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် Miss Grand International 2018 ပြိုင်ပွဲနောက်ဆုံးအဆင့်ကျင်းပနေစဉ်(ဆင်ဟွာ)

Miss Grand International 2018 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ် အဖြစ် ဆုမြတ်ဖူးက ဝင်ရောက်ယှဉ်ပြိုင်ပြီး နိုင်ငံပေါင်း ၇၆နိုင်ငံက အလှမယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Miss Grand International 2018 ပြိုင်ပွဲကို ၆ ကြိမ်မြောက် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၃၊ ၂၀၁၄နှင့် ၂၀၁၅ ခုနှစ်များကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည်။

၂၀၁၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂါးစ်မြို့ (Las Vegas) နှင့်၂၀၁၇ ခုနှစ်တွင် ဗီယက်နမ်တွင် ကျင်းပခဲ့ရာမြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် အေးချမ်းမိုးက ယှဉ်ပြိုင်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.