နယူးယောက် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် တာဝန်ချိန်အတွင်း နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ရဲတပ်ဖွဲ့ဝင်များသည် “စည်းကမ်းချိုးဖောက်မှု” ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးကြေညာချက်တစ်ခုကို မြို့တော်ရှိ ရဲတပ်ဖွဲ့ဝင်အားလုံးသို့ ညွှန်ကြားချက် ပေးပို့ထားကြောင်း နယူးယောက်မြို့တော်ရဲဌာန(NYPD) က အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စတော့ဟုမ်း၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်း မြို့လယ်ခေါင်ရှိ တိရစ္ဆာန်ဥယျာဉ်တွင် 5G နည်းပညာသုံး အလိုအလျောက်မောင်းနှင်နိုင်သည့် မော်တော်ယာဉ်စမ်းသပ်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
လန်ဒန်၊အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ၏ ကိုရိုနားဗိုင်းရပ်စ်ကပ်ရောဂါ အခြေအနေသည် တစ်ဆင့်တိုးထပ်မံထိန်းချုပ်ရန် လိုအပ်မည်ဆိုပါက အစိုးရအနေဖြင့် လုံးဝတွေဝေတုံ့ဆိုင်းခြင်းမရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၃၀ ရက်တွင် လန်ဒန်မြို့၌ပြောကြားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် အချိန်တွင် ပြည်သူပြည်သူများ ကျန်းမာရေးအရ လုံလုံခြုံခြုံဖြင့် ရွေးကောက်ပွဲတွင် သွားပြီးမဲပေးနိုင်ရန် စီစဉ်နေကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် COVID-19 ရောဂါဖြစ်ပွားမှု...
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် ၉၈၇ ဦး တွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၃၂ ဦး ထပ်တိုးလာခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံတွင် အောက်တိုဘာ ၄ ရက် ၂၂ နာရီအထိ တစ်ရက်အတွင်း လူနာသစ် ၄၀၁ ဦး နှင့် သေဆုံးသူ ၁ ဦး ထပ်တိုးခဲ့ရာ စုစုပေါင်း အတည်ပြုလူနာ ၈၅,၈၅၁ ဦး နှင့် စုစုပေါင်းသေဆုံးသူ ၁,၆၀၀ဦး...
ရန်ကုန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၅ ဒသမ ၈ ဘီလီယံ လျာထားမျှော်မှန်းထားခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ...
ပေကျင်း ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ဇွန်လအထိ ကျေးလက်နေပြည်သူများ အင်တာနက်အသုံးပြုသူအရေအတွက်သည် ၂၈၅ သန်းအထိ ရောက်ရှိခဲ့ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုသူစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကျော်အထိ ရှိနေကြောင်း တရုတ်နိုင်ငံအင်တာနက်ဖွံ့ဖြိုးရေးအစီအစဉ်မှ မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ) “ပေကျင်းမှာ ဘုရားကျောင်းရှိလား။တကယ်လို့ တစ်ခုခုများ ဖြစ်ခဲ့ရင် ကျွန်တော် ကျွန်တော့်သမီးလေးရဲ့ နောက်ဆုံးခရီးကို ကျွန်တော်တို့ ထုံးတမ်းအစဉ်အလာနဲ့အညီ လုပ်ပေးချင်တယ်။”ဟု ခွဲစိတ်သဘောတူလက်မှတ်ထိုးပြီးပြီးချင်း နှလုံးရောဂါဝေဒနာရှင် ကလေးငယ်၏ဖခင် ဦးမြသိန်းက အနီးတွင်ရှိသော ဘာသာပြန်စေတနာ့ဝန်ထမ်းအား လှမ်းပြောသည်။