ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) စက်တင်ဘာလတွင် မြန်မာတစ်နိုင်ငံလုံး၌ စုစုပေါင်း ငလျင် ၁၅ ကြိမ်လှုပ်ရှားခဲ့ကြောင်း၊ သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၃ ကြိမ်လျော့နည်းခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ လက်ထောက်အင်ဂျင်နီယာ ဦးထွန်းမင်းဦး ကယနေ့ အောက်တိုဘာ ၂ တွင် ဆင်ဟွာသို့ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS စီးနင်းသူဦးရေသည် သြဂုတ် ၂၁ ရက် တွင် ၁၂ သိန်းကျော်ရှိခဲ့ရာမှ အောက်တိုဘာ ၁ ရက်တွင် YBS စီးနင်းသူ ခုနစ်သောင်းကျော်သာ ရှိတော့ကြောင်း၊ တစ်လကျော်အတွင်း စီးနင်းသူဦးရေ ၁၁ သိန်းကျော် ကျဆင်းခဲ့ကြောင်း ...
ရန်ကုန် ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)ဆင်ဟွာသတင်းဌာန အနေဖြင့် လတ်တလောရက်ပိုင်းအတွင်း “Myanmar woman’s rural life in China” ဟူသည့် ခေါင်းစဉ်ဖြင့် ဗီဒီယိုသတင်းတစ်ပုဒ်ဖော်ပြခဲ့ပြီး ဗီဒီယိုတွင် မြန်မာအမျိုးသမီးတစ်ဦး၏ ရှုထောင့်ဖြင့် တရုတ်နိုင်ငံ၏ဆင်းရဲနွမ်းပါမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အပေါ် အမြင်အား ရိုက်ကူးတင်ဆက်ခဲ့ပါသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မြန်မာ့ရွှေတစ်ကျပ်သားပေါက်ဈေး ကျပ် ၁,၃၀၅,၀၀၀ မှ ၁,၃၁၆,၀၀၀ သို့ ရောက်ရှိကာ ယနေ့တစ်ရက်တည်းတွင် ကျပ် ၁၁,၀၀၀ ဈေးတက်ခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ အောက်တိုဘာ ၂ ရက်တွင်ပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၀) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁ ရက်ညနေပိုင်းတွင် ကျင်းပရာ ရှမ်းယူနိုက်တက်အသင်းက ၁၁ ပွဲဆက်အနိုင်ရပြီး ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ ပုဂ္ဂလိကနှင့် အစိုးရကျန်းမာရေးဝန်ထမ်းများသည် ယနေ့(အောက်တိုဘာ ၂ ရက်) ၌ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် လာရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇနီး မယ်လန်နီယာတို့သည် အနီးကပ်လက်ထောက်တစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိပြီးနောက် ၎င်းတို့တွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၂ ရက် နံနက်အစောပိုင်း၌ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။
ဟူစတန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရထံမှ အချက်အလက်များအရ တရုတ်နိုင်ငံအပေါ်ထားရှိသော အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒများသည် အောင်မြင်မှုမရှိကြောင်း တရုတ်နိုင်ငံအရေးလေ့လာသူ အမေရိကန် ကျွမ်းကျင်ပညာရှင်က အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ George H. W....
ရန်ကုန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)တွင် သက်ကြီးရွယ်အိုဘိုးဘွား (၂၃၀,၂၄၉)ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်(၆,၉၀၇ ဒဿမ ၄၇၀)သန်း ထောက်ပံ့ပေးပြီး ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ဆင်ဟွာသို့ အောက်တိုဘာ...
ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အောက်တိုဘာ ၁ ရက်၌ ကျရောက်သည့် ၇၁ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ထျန်းအမ်းမင် ရင်ပြင်၌ ကျင်းပခဲ့ကြောင်းသိရသည်။ (Xinhua)