Connect with us

NPC

တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုရေးက အစိုးရ အဖွဲ့ဝင်ပြောင်းလဲခြင်း နှင့် ဥပဒေ ပြောင်းလဲခြင်း ဆိုင်ရာ ဥပဒေကြမ်း အစီအစဉ် ဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ မဟာခန်းမ(Great Hall)၌ မတ်လ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC) ပထမအစည်းအဝေး၏ လေးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး အား မြင်တွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဥပဒေပြုရေးအဖွဲ့ဝင်များက ကျင်းပဆဲ အမျိုးသားဥပဒေပြုရေး အစည်းအဝေးတွင် အစိုးရအဖွဲ့ဝင်များ( သို့မဟုတ်) နိုင်ငံတော်ကောင်စီအဖွဲ့ဝင် များ ပြောင်းလဲခြင်းဆိုင်ရာ အစီအစဉ်တစ်ခု နှင့် ဥပဒေကြမ်းတစ်ခု ရေးဆွဲရေး နှင့်ပတ်သက်၍ မတ်လ ၁၃ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံ ခေါင်းဆောင်များဖြစ်သော ရှီကျင့်ဖိန် (Xi Jinping) ၊ လီခဲ့ချန်(Li Keqiang) ၊ လီကျန်ဆူး(Li Zhanshu) ၊ ဝမ်းယန်(Wang Yang) ၊ ဝမ်ဟုနင်း(Wang Huing) ၊ ကျိုလဲ့ကျိ (Zhao Leji) နှင့် ဟန့်ကျိန်း (Han Zheng) တို့သည် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်(NPC) ပထမအစည်းအဝေး၏ လေးကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးသို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

NPC ကိုယ်စားလှယ်များက ၁၃ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၏ အထူးကော်မတီများ ဖွဲ့စည်းရေး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီး ယင်းအတွက် ဥက္ကဋ္ဌအဖွဲ့ဝင်များ ၊ ဒုတိယဥက္ကဋ္ဌအဖွဲ့ဝင်များ နှင့် အဖွဲ့ဝင်များကို မဲစနစ်အတိုင်း ရွေးချယ်ခဲ့ကြသည်။

၎င်းဆုံးဖြတ်ချက်အရ ၁၃ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၌ တိုင်းရင်းသားရေးရာများ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ဥပဒေ ၊ နိုင်ငံခြားရေးရာများ ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ၊ စိုက်ပျိုးရေး နှင့် ကျေးလက်ရေးရာများ အပါအဝင် အထူးကော်မတီပေါင်း ၁ဝ ခု ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၁၃ ရက်တွင် ပြုလုပ်ခဲ့သော အစည်းအဝေး၌ NPC ကိုယ်စားလှယ်များသည် NPC ဖွဲ့စည်းပုံ နှင့် ဥပဒေကော်မတီ ၊ NPC ဘဏ္ဍာရေး နှင့် စီးပွားရေးရာ ကော်မတီ များအတွက် ဥက္ကဋ္ဌများ ၊ ဒုတိယဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ အမည်စာရင်းကို တင်သွင်းခဲ့ကြကြောင်း သိရသည်။

လာမည့် မတ်လ ၁၉ ရက်တွင် အခြား ကော်မတီ ၈ ခု၏ အဖွဲ့ဝင်အမည်စာရင်းများကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.