မော်စကို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်ရှိ Klyuchevskoy မီးတောင်မှ ပြာမှုန်များကို စက်တင်ဘာလ ၇ ရက်က နှစ်ကြိမ် မှုတ်ထုတ်ခဲ့ကြောင်း ရုရှား သတင်း အေဂျင်စီ TASS က သတင်းတင်ပြထားသည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်ရှိ Siem Reap မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်တစ်ရပ်အနေဖြင့် ဆေးလိပ်မသောက်သုံးရေး လှုပ်ရှားမှု ကို စက်တင်ဘာလ ၆ ရက်ကပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ရီယို ဒီ ဂျနေရို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရီယို မသန်စွမ်းအိုလံပစ် အားကစားပွဲများအား အိုလံပစ်ပြိုင်ပွဲများကဲ့သို့ပင် စိတ်ဝင်စားမှု ရှိကြသည့်အတွက် လက်မှတ်ရောင်းချမှုသည် အစောင်ရေ ၁.၆သန်းအထိရှိလာပြီဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောကြားခဲ့သည်။
ဂျာကာတာ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ရှိ အနောက်ဂျာဗားပြည်နယ်တွင် စက်တင်ဘာ ၇ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လန်ဒန် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အဓိကဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုသည် အင်္ဂလန်နိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘာမင်ဟမ်မြို့တွင် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံ တန်ဖိုး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စက်တင်ဘာလ ၆ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဆူပူလှုပ်ရှားမှုများရှိနေသည့် ထိုင်းနိုင်ငံ တောင်ဘက်အစွန်းပိုင်း ရှိ စာသင်ကျောင်းတစ်ကျောင်း၏ အပြင်ဘက် တွင် စက်တင်ဘာ ၆ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ သားအဖနှစ်ဦးသေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
လန်ဒန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံသည် ၂၀၁၁ခုနှစ်မှ လက်ရှိ ၂၀၁၆ခုနှစ် အတွင်း ပထမဆုံးအဖြစ် အီရန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ခန့်အပ်ခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပျော့ပျောင်းလာသည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း သိရသည်။
ဝဲလင်တန်၊စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံးမောင်းသူမဲ့ကားကို ၂ဝ၁၆ ခုနှစ်အတွင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံပို့ဆောင်ရေးဝန်ကြီး Simon Bridges က စက်တင်ဘာလ ၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရီယို ဒီ ဂျနေရိုး၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) လှံတံပစ်မယ် ရှာလင်း ကိုးလ်ဟို (Shirlene Coelho) အား ရီယို မသန်စွမ်း အိုလံပစ် ဖွင့်ပွဲ အခမ်းအနားအတွက် ဘရာဇီးနိုင်ငံ အလံ သယ်ဆောင်သူအဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
ဘန်ကောက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ကိုယ်ဝန်ဆောင်နှစ်ဦး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး မြောက်ပိုင်းပြည်နယ်၌ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ဦးရေသည် ၁၁ဦးရှိလာပြီဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက စက်တင်ဘာ၅ ရက်က ဖော်ပြခဲ့သည်။