ဘန်ကောက် ၊ မေ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးလျင်လျင်မြန်မြန် တိုးတက်လာခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်နလန်ထူရန် အရေးပါသော မောင်နှင်းအားတစ်ခုဖြစ်ကြောင်း ထိုင်နိုင်ငံ၏ ရှေ့ဆောင်ဘဏ်တစ်ခုဖြစ်သည့် Kasikornbank ဘဏ်၏ အကြီးတန်းဒုတိယဥက္ကဌ Wichai Kinchong Choiက ပြောကြားခဲ့သည်။
မနီလာ ၊ မေ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဖိလစ်ပိုင်တက္ကသိုလ်ကျောင်းပရဝဏ်အတွင်း လူနေရပ်ကွက်တစ်ခု၌ ယနေ့ မေ ၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၈ ဦးသေဆုံးသွားကြောင်း သိရသည်။
ပေကျင်း ၊ မေ ၂ ရက်(ဆင်ဟွာ) အောက်ဖော်ပြပါသတင်းအချက်အလက်များသည် ပဋိပက္ခဖြစ်ပွားနေသည့် ရုရှား နှင့် ယူကရိန်းအကြား နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေအရပ်ရပ်ကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။
ကိဗ် ၊ မေ ၂ ရက်(ဆင်ဟွာ) ရုရှားတပ်ဖွဲ့၏ ဝန်းရံပိတ်ဆို့ခြင်း ခံထားရသည့် ယူကရိန်းနိုင်ငံ မာရီဥပိုလ်မြို့ရှိ Azovstal သံမဏိစက်ရုံးအတွင်း ပိတ်မိနေသူများကို စတင်ကယ်ထုတ်နေပြီဖြစ်ကြောင်း သမ္မတ ဇယ်လန်းစကီးက မေ ၁ ရက်တွင် ပြောကြားခဲ့သည်။
နန်နင်း၊ မေ ၁ ရက် (ဆင်ဟွာ) ကလေးငယ်တစ်ဦးသည် သော့ခတ်ထားသော ကားထဲ ပိတ်မိနေသဖြင့် ငိုနေရှာသည်။ ထိုကလေးငယ်အား ကယ်ထုတ်ရန်ရဲတပ်ဖွဲ့ဝင်များ၏ မြန်မြန်ဆန်ဆန် စဉ်းစားတွေးခေါ်မှုများက သင့်နှလုံးသားကို အံ့ဩမှင်တက်သွားစေမည်လားဆိုသည်မှာ ဗီဒီယိုတွင် ကြည့်ရှုနိုင်သည်။ (Xinhua) ……………………….. (English Version) 30-seconds to save baby...