ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ) တရုတ်မဟာတံတိုင်းပြတိုက်သည် လာမည့်သုံးလအတွင်း ပြည်တွင်း၊ ပြည်ပရှိ ဒီဇိုင်းအဖွဲ့အစည်းများမှ ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းအစီအစဉ်များကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပေကျင်းမြူနီစီပယ်ယဉ်ကျေးမှုအမွေအနှစ်ဗျူရိုက ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ပရင်တာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနထံမှ သိရသည်။
မော်စကို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) အနောက်နိုင်ငံများ၏ ရုရှားနိုင်ငံအပေါ် “ စီးပွားရေးလျှပ်တစ်ပြတ်တိုက်စစ်ဆင်မှု” မဟာဗျူဟာသည် ကျရှုံးနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဧပြီ ၁၈ ရက်တွင် ပြုလုပ်သော စီးပွားရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်သည့် အစိုးရအဖွဲ့အစည်းအဝေးတစ်ခုတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လာဆာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပုတ္တလနန်းတော်၌ ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း ရှေးဟောင်းစာပေကျမ်းဂန် ပေစာ ၊ ပရပိုဒ်စာ ၁.၁ သန်းကျော် စုဆောင်းသိမ်းဆည်းထားပြီး ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်ဖြေဆိုခဲ့သော အတန်းတင်စာမေးပွဲများ၏ အောင်စာရင်းကို ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး မေ ၂၅ ရက်တွင် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က ဆင်ဟွာသို့ ယနေ့ ဧပြီ ၁၈...