ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ရွှေတိဂုံစေတီတော်၌ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)၊ နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် ဘုရားဖူးလာရောက်ကာ ကုသိုလ်ပြုကြသူများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါသည်။ တန်ဆောင်မုန်းလပြည့်နေ့(နိုဝင်ဘာ ၄ ရက်) နံနက်ပိုင်းတွင် မသိုးရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၇)...
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးရှိ ဘုရားစေတီ ပုထိုးများတွင် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးပြည်သူများက ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ခြင်း၊ တန်ဆောင်တိုင်ပွဲတော် မီးရှူးမီးပန်း ပစ်ဖောက်ခြင်း၊ တန်ဆောင်တိုင်ပွဲတော် ဆင်ယင်ကျင်းပခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)