Environment, Disasters & Accidents
ရွှေရောင်နှလုံးသား တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာတွင် ကိုယ်အင်္ဂါချို့ယွင်းသော တိရစ္ဆာန်များ၊ လေလွင့်တိရစ္ဆာန်များကို စောင့်ရှောက်ပေးလျက်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ရွှေရောင်နှလုံးသား တိရစ္ဆာန်ကယ်ဆယ်ရေး (Golden Heart Animal Rescue Yangon) ဟု အမည်ရသည့် တိရစ္ဆာန်ကယ်ဆယ်ရေးဂေဟာကို ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၈ နှစ်တာကာလအတွင်း ကိုယ်အင်္ဂါ ချို့ယွင်းသော တိရစ္ဆာန်များ၊ လေလွင့် တိရစ္ဆာန်များကို စောင့်ရှောက်ပေးလျက်ရှိသည်။လက်ရှိတွင် ခွေးအကောင်ရေ ၇၅၀ ၊ ကြောင်ကောင်ရေ ၁၅၀ အပါအဝင် အခြားတိရစ္ဆာန်များကို စောင့်ရှောက်ပေးထားလျက်ရှိကြောင်း သိရသည်။ (Xinhua)