Connect with us

Videos

တရုတ်နိုင်ငံ နင်းရှဒေသရှိ အဓိကရထားလမ်းအတွက် ရထားသံလမ်းခင်းခြင်းလုပ်ငန်း ပြီးစီး

ရင်ချွမ်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ(ဟွေ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရင်ချွမ်း-လန်ကျိုး မြန်နှုန်းမြင့်ရထားလမ်း၏ နောက်ဆုံးလမ်းပိုင်းဖြစ်သော ကျုံးဝေ-လန်ကျိုး ရထားလမ်းအတွက် ရထားသံလမ်းခင်းခြင်းလုပ်ငန်းမှာ ဒီဇင်ဘာ၃ ရက်က ပြီးစီးသွားခဲ့ကြောင်း သိရသည်။ကျုံးဝေ့-လန်ကျိုး မြန်နှုန်းမြှင့်ရထားလမ်းသည် ကျုံးဝေ့မြို့နှင့် ကန်းစုပြည်နယ် မြို့တော် လန်ကျိုးတို့ကို ချိတ်ဆက်ပေးခြင်း ဖြစ်သည်။အရှည် ၂၁၈ ကီလိုမီတာရှိသော အဆိုပါ ရထားလမ်းကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ ပြေးဆွဲနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားသည်။

ထိုရထားလမ်းက ကျုံးဝေ့မြို့ကို ယင်းဒေသ၏ မြို့တော်ဖြစ်သော ရင်ချွမ်းနှင့် ချိတ်ဆက်ပေးမည့် နောက်ထပ်ရထားလမ်း တစ်ခုဖြစ်ပြီး ယခုနှစ်မကုန်မီ အသုံးပြုနိုင်မည်ဟု မျှော်မှန်းထားသည်။ရထားလမ်းပြီးစီးပါက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ အဓိကမြို့နှစ်မြို့ဖြစ်သော လန်ကျိုးနှင့် ရင်ချွမ်းကြား ခရီးသွားကြာမြင့်ချိန်ကို လက်ရှိ ၁၀ နာရီရှိရာမှ ၂ နာရီအထိ လျှော့ချပေးမည်ဖြစ်သည်။ (Xinhua)

………………………………………………

Track-laying completed for major railway in China’s Ningxia (TikTok)
The track-laying work for the Zhongwei-Lanzhou railway, the final section of the Yinchuan-Lanzhou High-speed Railway, was completed on Saturday in northwest China’s Ningxia Hui Autonomous Region.

The Zhongwei-Lanzhou high-speed rail line will link Zhongwei and Lanzhou, capital of neighboring Gansu Province.
The 218-km railway is designed with a top-speed of 250 km per hour.
The line will connect with another high-speed rail line linking Zhongwei with Yinchuan, capital of the region.
It is expected to be put into service by end of this year.
Travel time between Lanzhou and Yinchuan, the two major cities in northwest China, will be shortened from current 10 hours to just two hours.