Connect with us

International Organizations

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နေမာ ပြန်လည်ပါဝင်နိုင်ရန် မက်ဆီ ဆန္ဒရှိနေ

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ မေ ၁၀ ရက် (ဆင်ဟွာ)

နေမာမှာ ဘောလုံးလောက၏ ထိပ်တန်းကစားသမားများထဲတွင် ပါဝင်နေဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ ဘရာဇီးတိုက်စစ်မှူးအနေဖြင့် လာမည့်ဇွန်လတွင် ကျင်းပမည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း လီယွန်နယ် မက်ဆီက ပြောကြားခဲ့သည်။ဘရာဇီးအသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် နေမာမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဥရုဂွေးအသင်းနှင့် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်၌ ပြင်းထန် ဒူးအရွတ်အရွတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိတော့ပေ။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၄ ရက်က အာဂျင်တီးနားနှင့် ဗင်နီဇွဲလားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲစဉ်၌ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေသည့် အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

၎င်းအနေဖြင့် ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက်တွင်လည်း ဒဏ်ရာပြဿနာများကို ဆက်လက်ကြုံတွေ့ခဲ့ရကာ ၂၀၂၅ ခုနှစ်တွင် ၂၈ ပွဲ ကစားခဲ့ပြီးနောက် ယခုနှစ်တွင် ပြိုင်ပွဲစုံ၌ ၁၂ ပွဲသာ ကစားနိုင်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးကစားသမားတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ချင်ပါတယ်။ နေမာဟာလည်း ဘယ်လိုပုံစံမှာပဲရှိနေပါစေ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် အမြဲတမ်း ရှိနေမှာပါ” ဟု လိုဒယ်လ် ပေါ်လို (Lo Del Pollo) အစီအစဉ်၌ မက်ဆီက ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ ဘယ်လမ်မြို့ရှိ Olympic Stadium of Para အားကစားကွင်း၌ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၈ ရက်က ဘိုလီဗီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၌ ဘရာဇီးကစားသမား နေမာ ဘောလုံးထိန်းနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

“သူက ဘရာဇီးအသင်းအတွက်ရော ဘောလုံးလောကအတွက်ပါ အရေးပါတဲ့သူဖြစ်လို့ သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြင်တွေ့ရရင် သိပ်ကိုကျေနပ်စရာကောင်းမှာပါ။ သူ အဲဒီမှာ ရှိနေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူက အဲဒီပြိုင်ပွဲမှာ အမြဲတမ်းရှိနေသင့်တဲ့သူမို့လို့ ကျွန်တော့်အမြင်က ဓမ္မဓိဋ္ဌာန်မကျသလို ဖြစ်နိုင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

နေမာနှင့် မက်ဆီတို့မှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဘာစီလိုနာအသင်းတွင် အတူတွဲဖက်ကစားခဲ့သလို ပီအက်စ်ဂျီအသင်းတွင်လည်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အသင်းဖော်များအဖြစ် ပြန်လည်လက်တွဲခဲ့ကြသည်။
၎င်းတို့နှစ်ဦးကြားက ခင်မင်ရင်းနှီးမှုကြောင့် ၎င်းအနေဖြင့် သမာသမတ်ကျကျရှိရန် ခက်ခဲသည်ဟု မက်ဆီက ဝန်ခံခဲ့သည်။

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ဘလွန်းဖီးလ် အားကစားကွင်း၌ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်က ပီအက်စ်ဂျီအသင်းနှင့် နန့်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ပြင်သစ်စူပါဖလား ဘောလုံးပွဲစဉ်၌ ထိုစဉ်က ပီအက်စ်ဂျီ ကစားသမားများဖြစ်သည့် လီယွန်နယ် မက်ဆီ (ဝဲ) နှင့် နေမာတို့ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဓာတ်ပုံ- Alain Schieber/JINI via Xinhua)

“ကျွန်တော် မျှမျှတတမရှိသလိုဖြစ်သွားနိုင်ပါတယ်။ နေမာက သူငယ်ချင်းတစ်ယောက်ပါ… သူက ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်လို့ ကျွန်တော် သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိစေချင်ပြီး သူ့အတွက် ကောင်းတဲ့အရာတွေ ဖြစ်လာစေချင်တာကတော့ အသေအချာပါပဲ။ သူ အဲဒီမှာရှိနေနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု မက်ဆီက ပြောသည်။

“သူ့မှာ သိပ်ကိုထူးခြားတဲ့ သွင်ပြင်လက္ခဏာရှိပါတယ်။ သူက ဟန်ဆောင်တတ်တဲ့သူမဟုတ်ဘဲ သူ့ဘဝကို အရှိအတိုင်း၊ သူ့ခံစားချက်အတိုင်းပဲ နေတတ်ပြီး နောက်ဆက်တွဲကိစ္စတွေကိုလည်း စိုးရိမ်မနေပါဘူး။ သူက ပျော်ပျော်နေတတ်ပြီး သိပ်ကိုသဘာဝဆန်တဲ့သူပါ” ဟု မက်ဆီက ဆက်လက်ပြောသည်။

ဘလွန်းဒီအောဆုကို ရှစ်ကြိမ်ဆွတ်ခူးထားသည့် မက်ဆီက အာဂျင်တီးနားအသင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်ရန် ခက်ခဲလိမ့်မည်ဟု ပြောကြားခဲ့ပြီ စပိန်၊ ပြင်သစ်နှင့် ဘရာဇီးအသင်းတို့မှာ ထိပ်တန်းပြိုင်ဘက်များဖြစ်သည်ဟု ဆိုသည်။
“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်တဲ့အသင်းတွေရဲ့ ခြေစွမ်းကြောင့် အမြဲတမ်း ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စတစ်ခုဖြစ်တာကို ကျွန်တော်တို့ သိပါတယ်” ဟု အသက် ၃၈ နှစ်အရွယ် မက်ဆီက ဆိုသည်။

“အာဂျင်တီးနားပြည်သူအားလုံးလိုပဲ တရားဝင်ပြိုင်ပွဲတစ်ခုခုရှိတိုင်း ကျွန်တော်တို့ မျှော်လင့်ချက်ထားရပါမယ်။ ကိုပါအမေရိကဖလားပဲဖြစ်ဖြစ် ကမ္ဘာ့ဖလားပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ထက် ပိုကောင်းတဲ့ တခြားရေပန်းစားတဲ့အသင်းတွေ ရှိနေတာကိုလည်း အသိအမှတ်ပြုရပါမယ်” ဟု ၎င်းက ပြောသည်။ (Xinhua)
#Messi #Neymar #WorldCup #မက်ဆီ #နေမာ #ကမ္ဘာ့ဖလား
……………………………………………………..
(English Version)
Messi backs Neymar for World Cup return
BUENOS AIRES, May 8 (Xinhua) — Lionel Messi believes Neymar still belongs among football’s elite and said he hopes the Brazil forward returns in time for next month’s FIFA World Cup.
Neymar, Brazil’s all-time leading scorer, has not played for his country since October 2023, when he suffered a ruptured anterior cruciate ligament during a World Cup qualifier against Uruguay.
His injury problems have continued since returning to boyhood club Santos, limiting him to 12 appearances across all competitions this year after he played 28 matches in 2025.
“We want the best players to be there [at the World Cup] and Neymar, no matter his form, will always be one of them,” Messi told the Lo Del Pollo show.
“It would be wonderful to see him at the World Cup because of what he means to Brazil and to football. I hope he can be there, but I can’t be objective, because he always has to be there.
Neymar and Messi played together at Barcelona from 2013 to 2017 and were again teammates at Paris Saint-Germain from 2021 to 2023.
Messi acknowledged that their friendship made it difficult for him to be impartial.
“I can’t be objective. Neymar is a friend … Obviously, I’d love for him to be at the World Cup, for good things to happen to him because he deserves it for the kind of person he is. And I hope he can be there.”
Messi added: “He has a very special charisma. He doesn’t put on an act; he lives his life as it is, according to what he feels, without worrying about the repercussions. He’s happy, and he’s very natural.”
The eight-time Ballon d’Or winner said Argentina would have a difficult task defending its 2022 World Cup title, rating Spain, France and Brazil as leading contenders.
“We know that the World Cup is always a complicated affair due to the caliber of the teams involved,” the 38-year-old said.
“We have to be hopeful — just as every Argentine always is whenever there is an official competition, whether it’s the Copa America or the World Cup — but we must also acknowledge that there are other favorites ahead of us who are in better shape,” he said
English Caption 1
Lionel Messi of Argentina celebrates his goal during the 2026 FIFA World Cup CONMEBOL Qualifier football match between Argentina and Venezuela in Buenos Aires, Argentina, Sept. 4, 2025. (Photo by Martin Zabala/Xinhua)
English Caption 2
Brazil’s Neymar controls the ball during their 2026 World Cup qualifier against Bolivia at the Olympic Stadium of Para in Belem, Brazil, on Sept. 8, 2023. (Photo by Lucio Tavora/Xinhua)
English Caption 3
Paris Saint-Germain players Lionel Messi (L) and Neymar celebrate for a goal during the French Champions Trophy (Trophee des Champions) football match between Paris Saint-Germain and FC Nantes at the Bloomfield Stadium in Tel Aviv, Israel, on July 31, 2022. (Alain Schieber/JINI via Xinhua)