Videos
ကယ်လီဖိုးနီးယားမြောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှုဖြစ်ပွား၊ လူ ၁၅ ဦးအထိသေဆုံးပြီဖြစ်
ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတမ်း ဆန်ဖရန်စစ္စကိုမြို့၏ မြောက်ပိုင်းပင်လယ်ဝ ကို ဖြတ်၍ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အောက်တိုဘာလ ၁၁ ရက်တွင်ရရှိထားသောသတင်းများအရ အနည်းဆုံး လူ ၁၅ ဦး အထိသေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ မီးသည် ဆန်ဖရန်စစ္စကိုမြို့မြောက်ပိုင်းရှိ ဝိုင်စက်ရုံတစ်ခုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လူနေအိမ်များနှင့် စီးပွားရေးအဆောက်အအုံ စုစုပေါင်း ၂ဝဝဝ ခန့်အထိ မီးကူးစက်လောင်ကျွမ်းခံရကြောင်း ၊ ၎င်းတို့ထဲတွင် ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ဝိုင်စက်ရုံ ၈ ခု လဲပါဝင်ကြောင်းသိရသည်။ ထောင်ပေါင်းများစွာသော ဒေသခံများကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးထားကြောင်း ၊ မီးသတ်သမားများက ကြိုးပမ်းမီးငြှိမ်းသတ်ခဲ့ရကြောင်း နှင့် မီးတောက်များသည် တစ်နာရီ ၁၁၄ ကီလိုမီတာ လေတိုက်နှုန်း နှင့်အတူ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)