Connect with us

Videos

အလိုအလျောက်မောင်းထရပ်ကားအဝေးပြေးလမ်းမတွင်စမ်းသပ်မောင်းနှင်မှုအောင်မြင်

ချန်းချွန်း၊ အောက်တိုဘာ၁၁ ရက်(ဆင်ဟွာ) ပထမဆုံးမောင်းသူမဲ့ လုပ်ဆောင်ချက်များပါဝင်သည့် အလိုအလျောက်မောင်း ကုန်တင်ထရပ်ကားကြီးကို တရုတ်နိုင်ငံ၏အဝေးပြေးလမ်းမတွင်စမ်းသပ်ပြေးဆွဲအောင်မြင်ခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်ရေးဈေးကွက်ထိပ်ဆုံးနေရာမှ ပါဝင်သည့် FAW ထရပ်ကားထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် FAW Jiefang Automotive Co., Ltd., က ထုတ်လုပ်ထားသည့် မောင်းသူမဲ့ ထရပ်ကား ၃ စင်းကို အောက်တိုဘာလ ၁ဝ ရက်နေ့က ချန်းချွန်း – ရှန်းကျန်း အဝေးပြေးလမ်းမတွင် စမ်းသပ်မောင်းနှင်ခဲ့ခြင်းဖြစ်သည်။ အဝေးပြေးကားများမှာ အလေးချိန် တန်၄ဝ တင်ဆောင်နိုင်ပြီး အလိုအလျောက်မောင်းနိုင်သည့်အပြင် အလိုအလျောက်အချက်ပေးသံမြည်နှင့် အလိုအလျောက်ဘရိတ်စနစ်တို့လည်းပါဝင်သည်။ ကုမ္ပဏီကနောက်ပိုင်းတွင် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနိုင်အောင် ဆောင်ရွက်သွားမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.