Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်းတွင် တိုက်ခိုက်မှုဖြစ်ပွား၊ နိုင်ငံခြား ခရီးသွားအများအပြား သေဆုံး၊ ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်တွင် မော်တော်ယာဉ်များကို လုံခြုံရေးဝန်ထမ်းများက ဧပြီလ ၂၁ ရက်တွင် စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဘာမီယန်ပြည်နယ်တွင် မေ ၁၇ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးဒဏ်ရာရသူများအနက် နိုင်ငံခြားသား ၇ ဦး ပါဝင်ခဲ့ကြောင်း အာဖဂန်အာဏာပိုင်များက ပြောကြားခဲ့ကြောင်း သိရသည်။ဘာမီယန်ပြည်နယ်၏ မြို့တော် ဘာမီယန်တွင် မေ ၁၇ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အာဖဂန်နစ္စတန်ယာယီအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Abdul Mateen Qani ကပြောကြားခဲ့ကြောင်း၊ သို့သော် သေဆုံးသူ နိုင်ငံခြားသားများမှာ မည်သည့်နိုင်ငံမှ ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………….
(Chinese Version)
阿富汗中部发生袭击 多名外国游客死伤
新华社北京5月18日电 阿富汗官员17日说,该国中部巴米扬省当天发生枪击事件,导致4人死亡、7人受伤,死伤者中有7名外籍公民。
阿富汗临时政府内政部发言人阿卜杜勒·马廷·卡尼公布上述伤亡情况,称枪击17日晚发生在巴米扬省首府巴米扬市。他没有透露这些外国公民的国籍。
图说:4月21日,在阿富汗首都喀布尔,安全人员检查车辆。新华社发(塞夫拉赫曼·萨菲摄)