Connect with us

International Organizations

လက်နက်တင်ပို့မှု မူဝါဒကို တာဝန်သိစွာ ချမှတ်ဆောင်ရွက်ကြရန် နိုင်ငံအသီးသီးကို တရုတ်နိုင်ငံ တိုက်တွန်း

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော လုံခြုံရေးကောင်စီ ကိုလံဘီယာအရေး တံခါးဖွင့်ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ် ( ရှေ့တန်းအလယ်) အား ၂၀၂၄ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

နိုင်ငံ အသီးသီးအနေဖြင့် လက်နက်တင်ပို့မှု မူဝါဒကို တာဝန်သိစွာ ချမှတ်ဆောင်ရွက်ကြရန်၊ လုံခြုံရေးကောင်စီ လက်နက်သယ်ယူပို့ဆောင်မှုတားမြစ်ချက်ကို အကောင်အထည်ဖော်ကြရန်၊ နိုင်ငံမဟုတ်သော အဖွဲ့အစည်းများထံသို့ လက်နက်လွှဲပြောင်းခြင်းမပြုကြရန်၊ ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများသို့ လက်နက်တင်ပို့မှုကို သတိထားကြရန်၊ လက်နက်ပစ္စည်းများ တရားမဝင်လမ်းကြောင်းသို့ ယိုစိမ့်မှုမရှိအောင် ကာကွယ်ကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် ကိန်းစွမ်က ဇွန် ၁၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က “ငြိမ်းချမ်းရေးအစီအစဉ်သစ်”တွင် လက်နက်ပစ္စည်းများကြောင့် လူသားမျိုးနွယ် စတေးရမှုများကို လျှော့ချကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း ၊ ၎င်းမှာ ရေရှည် ကြီးမားခက်ခဲလှသည့် တာဝန်ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မဆုတ်မနစ် ကြိုးပမ်းရန်လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်း ဟူသော အတွေးအခေါ်ကို လက်ကိုင်ထား၍ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက် (GDI)ကို တက်ကြွစွာ အကောင်အထည်ဖော်ဆောင်သွားလိုကြောင်း ၊ နိုင်ငံအသီးသီးနှင့်အတူ ရေရှည်ငြိမ်းချမ်းမှု၊ ယေဘုယျလုံခြုံဘေးကင်းမှု၊ လက်နက်ကိုင်အကြမ်းဖက်မှုများ ကင်းစင်မှု ရှိသော ကမ္ဘာကြီး တည်ဆောက်ရေးအတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်သွား လိုကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
中方呼吁各国采取负责任的武器出口政策
新华社联合国6月18日电(记者王建刚)中国常驻联合国副代表耿爽18日呼吁各国采取负责任的武器出口政策,将安理会武器禁运落到实处,不向非国家行为体转让武器,慎重向冲突地区出口武器,全力防止武器流入非法渠道。
耿爽说,联合国秘书长古特雷斯在“新和平纲领”中呼吁减少武器给人类造成的代价。这是一项长期而艰巨的任务,需要国际社会驰而不息的共同努力。中方愿秉持人类命运共同体理念,积极落实全球安全倡议、全球发展倡议,同各方一道为建设一个持久和平、普遍安全、远离枪支暴力的世界作出不懈努力。
1. 4月9日,在位于纽约的联合国总部,中国常驻联合国副代表耿爽(前中)在安理会哥伦比亚问题公开会上发言。