Connect with us

Business

မြန်မာနိုင်ငံက ငါးလအတွင်း စက်မှုကုန်ချောကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၅ သန်း ရရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၃ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် စက်မှုကုန်ချောကဏ္ဍတွင် ဧပြီလမှ ဩဂုတ်လအထိ ပြည်ပကုမ္ပဏီ ၂၃ ခုထံမှ အမေရိကန်ဒေါ်လာ ၇၅ သန်း ရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ၏ စက်တင်ဘာ ၁၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါကဏ္ဍသို့ဝင်ရောက်မှုများသည် အဓိကအားဖြင့် အထည်ချုပ်လုပ်ငန်းနှင့် အထည်အလိပ်ထုတ်လုပ်မှုလုပ်ငန်းမှဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သောစာရင်းများအား ကိုးကား၍ သတင်းဖော်ပြထားသည်။
ထိုကာလအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍက အမေရိကန်ဒေါ်လာ ၈၃ သန်းဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဆွဲဆောင်နိုင်ခဲ့ပြီး ယင်းနောက်တွင် စက်မှုကုန်ချောကဏ္ဍက ဒေါ်လာ ၇၅ သန်း၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍက ဒေါ်လာ ၄၄ သန်း စသဖြင့် အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အဆိုပါ ကာလအတွင်း နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၆ ခု ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၇ သန်းကျော် ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Myanmar manufacturing receives 75 mln USD FDI in 5 months
YANGON, Sept. 17 (Xinhua) — Myanmar’s manufacturing sector received 75 million U.S. dollars from 23 foreign enterprises from April to August, the state-run Global New Light of Myanmar reported on Tuesday.
The media report, citing statistics released by the Directorate of Investment and Company Administration, said the sector mainly focuses on garment and textile production.
During the period, the transport and communication sector attracted the most foreign direct investments with 83 million dollars, followed by the manufacturing sector with 75 million dollars, and the services sector with 44 million dollars, it added.
The Myanmar Investment Commission approved 26 foreign projects from seven countries, totaling over 207 million dollars in investments in the above period, it said.
Employees work at a garment factory in Yangon, Myanmar, May 12, 2023. (Photo by Myo Kyaw Soe/Xinhua)