Connect with us

Politics, Law & Military

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

– ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ်ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်(၂၉/၉/၂၀၂၄ – MOI)
-စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေလှောင်တမံများ၏ အခြေအနေများအား (၂၄)နာရီ ရေကင်းတာဝန်ချထား၍ အနီးကပ်စောင့်ကြပ် စစ်ဆေးလျက်ရှိပါကြောင်းနှင့် စိုးရိမ်ရန်မရှိကြောင်း ထုတ်ပြန်ထား (၂၇/၉/၂၀၂၄ -MRTV)
-ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် အရေးပေါ်ရှေးဦးပြုစုစောင့်ရှောက်ခြင်း စခန်း(၆)ခု ဖွင့်လှစ်ထားရှိ (၂၉/၉/၂၀၂၄ – MRTV)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တောင်သူ၊ ကုန်သည်၊ စက်ပိုင်များအသင်း ကုန်စည်ဒိုင် စတင်ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် အသင်းပိုင် ဘက်စုံစိုက်ပျိုးရေးခြံအား ကြည့်ရှုစစ်ဆေး (၂၈/၉/၂၀၂၄ – MRTV)
-ရှမ်းပြည်နယ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ (၂၉/၉/၂၀၂၄ -IPRD)
-ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့ ယာယီဈေး တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်(၂၈/၉/၂၀၂၄ – MRTV)
-ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် လိုအပ်သည့် သန့်ရှင်းရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း (၂၈/၉/၂၀၂၄ – MWD)
-တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား (၂၈/၉/၂၀၂၄ – MWD)

-အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ဆောင်ရွက်၍ ဖော်ထုတ်ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားတရားခံများအား လွှဲပြောင်းပေးအပ် (၂၉/၉/၂၀၂၄ – MRTV)
-ပင်လယ်ပြင်အတွင်း (၁၆)ရက်ခန့် မျောပါနေသော မြန်မာနိုင်ငံသား လှေလုပ်သား(၃)ဦးကို ကယ်ဆယ်ရရှိ (၂၉/၉/၂၀၂၄ – MOI)
-ဇေယျာသီရိမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် အခြေခံပညာကျောင်း(၃၇)ကျောင်း ယာယီ ပိတ်ထားခဲ့ရာမှ ကျောင်းပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ် (၂၉/၉/၂၀၂၄ – MRTV)