North America
နေတန်ယာဟုက အမေရိကန်အားခေါ်၍ “ဂါဇာလူမျိုးသုဉ်းသတ်ဖြတ်မှု” ဖန်တီးနေသည်ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆို
ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Wendy Sherman သည် မကြာသေးမီက အမေရိကန်မီဒီယာ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန်အား ခေါ်၍ “ဂါဇာဒေသ လူမျိုးသုဉ်းသတ်ဖြတ်မှု ဖန်တီးခြင်း” လမ်းအပေါ် လျှောက်လှမ်းနေသည်ဟု ပြောကြားခဲ့သည်။
“ဝန်ကြီးချုပ် နေတန်ယာဟုက ကျွန်မတို့ကို လမ်းတစ်လမ်းပေါ် ခေါ်ဆောင်သွားနေတာပါ။ ကျွန်မတို့က အစဉ်အမြဲ အဲဒီလမ်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေပါတယ်။ ဒီလမ်းက လက်တွေ့မှာတော့ ဂါဇာဒေသရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်စေပြီး အရှေ့အလယ်ပိုင်းဒေသရဲ့ တည်ငြိမ်မှုကို ဖျက်ဆီးလိုက်ပါတယ်” ဟု Wendy Sherman က Bloomberg သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။ အစ္စရေးသည် အမေရိကန်၏ မဟာမိတ်ဖြစ်နေဆဲဖြစ်ပြီး “ကျွန်မတို့က ဂျူးနိုင်ငံတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးပါတယ်” ဟုလည်း ၎င်းက တစ်ချိန်တည်းတွင် အလေးထားပြောကြားခဲ့သည်။
Wendy Sherman သည် အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစိုးရတွင် “အစ္စရေး၏ သတ်ဖြတ်မှုလုပ်ရပ်အား လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် တရားဝင်ခေါ်ဝေါ်သည့်” အဆင့်အမြင့်ဆုံးအရာရှိဖြစ်ကြောင်း သတင်းတွင်ထောက်ပြထားသည်။ Wendy Sherman သည် ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ရာထူးမှနုတ်ထွက်ခဲ့သည်။
အမေရိကန် အရှေ့ပိုင်း ဒေသစံတော်ချိန် ဧပြီ ၂၇ ရက် ညပိုင်းတွင် Wendy Sherman က လူမှုမီဒီယာ၌ အထက်ပါတွေ့ဆုံမေးမြန်းမှုနှင့် စပ်လျဉ်း၍ “ပါလက်စတိုင်းသားတွေက ဂုဏ်သိက္ခာရှိပြီး ဘေးကင်းလုံခြုံတဲ့ အနာဂတ် ရရှိသင့်ပါတယ်။ လူတိုင်းက ငြိမ်းချမ်းရေးကို ပိုင်ဆိုင်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်ထားသော အချက်အလက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အသစ်တစ်ကြိမ် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ ပြန်လည်ဖြစ်ပွားလာကတည်းက အစ္စရေးစစ်တပ်၏ ဂါဇာကမ်းမြောင်ဒေသ၌ စစ်ရေးလှုပ်ရှားမှုကြောင့် သေဆုံးသူ ၇၂,၀၀၀ ကျော် ရှိလာပြီဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၇၂,၀၀၀ ကျော်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် အပစ်ရပ်မှုသဘောတူညီချက် အသက်ဝင်လာကတည်းက အစ္စရေးစစ်တပ်၏ လှုပ်ရှားမှုအတွင်း ပါလက်စတိုင်းသားပေါင်း ၉၇၂ ဦး သေဆုံးခဲ့ပြီး ၂,၂၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
美前副国务卿:内塔尼亚胡带着美国制造“加沙种族灭绝”
新华社华盛顿4月27日电 美国前副国务卿温迪·舍曼日前接受美国媒体采访时说,以色列总理内塔尼亚胡带着美国走上了“制造加沙种族灭绝”之路。
舍曼在接受彭博社采访时说:“内塔尼亚胡总理把我们带到一条道路上,我们一直是其中的一部分,这条路实质上造成了加沙的种族灭绝,破坏了中东的稳定。”她同时强调,以色列仍是美国的盟友,“我们保护犹太国家的权利”。
报道指出,舍曼是美国前总统拜登政府中“公开将以色列屠杀行为称为种族灭绝”的最高级别官员。舍曼于2023年7月卸任。
美国东部时间27日晚,舍曼在社交媒体上谈到上述采访时写道,“巴勒斯坦人应该得到有尊严和安全的未来。所有人都应该拥有和平”。
巴勒斯坦加沙地带卫生部门23日发布的数据显示,自2023年10月7日新一轮巴以冲突爆发以来,以军在加沙地带的军事行动已造成超过7.2万人死亡,超过17.2万人受伤。自2025年10月10日停火协议生效以来,已有972名巴勒斯坦人在以军行动中死亡,2235人受伤。(完)
图说:这是3月3日在加沙城西部一处临时帐篷营地拍摄的巴勒斯坦儿童。 新华社发(里泽克·阿卜杜勒贾瓦德摄)
