Connect with us

North America

အိမ်ဖြူတော်သတင်းထောက်အသင်း ညစာစားပွဲ၌ သေနတ်ပစ်ခတ်သူက သမ္မတအား လုပ်ကြံရန် ကြံစည်မှုဖြင့် စွဲချက်တင်ခံရ၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ခြေရှိ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ကိုလံဘီယာခရိုင် ဖက်ဒရယ်တရားရုံး အနီးတစ်ဝိုက်တွင် စောင့်ဆိုင်းနေသော မီဒီယာသတင်းထောက်များကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန် အိမ်ဖြူတော် သတင်းထောက်အသင်း ညစာစားပွဲ သေနတ်ပစ်ခတ်မှု သံသယရှိသူ Cole Allen သည် ဧပြီ ၂၇ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ကိုလံဘီယာခရိုင် ဖက်ဒရယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင်ခဲ့ရာ သမ္မတ ထရမ့်အား လုပ်ကြံရန် ကြံစည်မှု၊ ပြည်နယ်ဖြတ်ကျော်၍ လက်နက်ပို့ဆောင်မှုနှင့် အကြမ်းဖက်ပြစ်မှုအတွင်း သေနတ်အသုံးပြုမှုတို့ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရသည်။
တရားသူကြီး Matthew Sharbaugh သည် Cole Allen အား ဆက်လက်စစ်ဆေးခြင်းခံယူမှုအတွက် ဆက်လက်ထိန်းသိမ်းရန် အမိန့်ချခဲ့ပြီး ဆက်လက်ထိန်းသိမ်းရန် ရှိ၊ မရှိအား ဧပြီ ၃၀ ရက်တွင် ကျင်းပမည့် ကြားနာပွဲ၌ ဆုံးဖြတ်ရန် သတ်မှတ်ခဲ့သည်။

၎င်းပြစ်မှုအထမြောက်ပါက သမ္မတအား လုပ်ကြံရန် ကြံစည်မှု ပြစ်မှုတစ်ခုတည်းနှင့်ပင် Cole Allen သည် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ခြေရှိကြောင်း အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
ထို့နောက်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် ယာယီရှေ့နေချုပ် Todd Blanche က ညစာစားပွဲ လုံခြုံရေးအစီအမံနှင့် စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေးဌာနသည် “တာဝန်ပျက်ကွက်မှုမရှိ” ကြောင်း၊ လုံခြုံရေးအစီအမံသည် မျှော်မှန်းထားသည့်အတိုင်း ပါဝင်သင့်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ကာကွယ်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့အနေနဲ့လည်း ဘာကိစ္စတွေ မဖြစ်ခဲ့ဘူးဆိုတာ သိသင့်ပါတယ်။ တရားဥပဒေစိုးမိုးရေးဌာနက တာဝန်ပျက်ကွက်မှုမရှိပါဘူး…သူတို့က လေ့ကျင့်ထားတဲ့ အကြောင်းအရာအတိုင်း လုပ်ကိုင်တာပါ။ ဒါက ‘မတော်တဆဖြစ်ရပ်’ တစ်ခုမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

အိမ်ဖြူတော်ရုံး ဝန်ထမ်းရေးရာအကြီးအကဲ Susie Wiles က ယခုသီတင်းပတ်အတွင်း အမေရိကန် လျှို့ဝှက်စုံထောက်အဖွဲ့ (USSS) နှင့် အမိမြေလုံခြုံရေးဝန်ကြီးဌာန အဆင့်မြင့်အကြီးအကဲများကိုစုစည်းပြီး အစည်းအဝေးပြုလုပ်ကာ အရေးကြီးလှုပ်ရှားမှု အခမ်းအနားများတွင် ထရမ့်၏ဘေးကင်းလုံခြုံမှုအား မည်ကဲ့သို့အာမခံမည်နည်းနှင့်စပ်လျဉ်း၍ အစီအစဉ်များကို သုံးသပ်အကဲဖြတ်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ထိုနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်သည် ယခုနှစ်နွေရာသီတွင် အကြီးစားပြိုင်ပွဲနှင့် လှုပ်ရှားမှုအခမ်းအနားများစွာ ကျင်းပမည်ဖြစ်ရာ ၎င်းအနက် ကမ္ဘာ့ဖလား၊ နိုင်ငံတည်ထောင်ခြင်း နှစ် ၂၅၀ ပြည့် အခမ်းအနားတို့ ပါဝင်ကြောင်း သိရသည်။
အိမ်ဖြူတော် သတင်းထောက်အသင်းသည် ဧပြီ ၂၅ ရက်တွင် ဝါရှင်တန် ဟေတန်ဟိုတယ် မြေအောက်ခန်းမ၌ ကျင်းပခဲ့ရာ ထရမ့်ဇနီးမောင်နှံ၊ ဒုတိယသမ္မတ JD Vance စသည့် အဓိကနိုင်ငံရေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။ စောင့်ကြည့်ရေးကင်မရာမှတ်တမ်းအရ Cole Allen သည် သေနတ်ကိုင်ဆောင်လျက် ဟိုတယ်လုံခြုံရေး စစ်ဆေးမှုများကို လျင်မြန်စွာကျော်ဖြတ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းများက သေနတ်ထုတ်၍ နောက်မှလိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ Cole Allen ကို ခန်းမပြင်ပ လျှောက်လမ်းစင်္ကြံ၌ ထိန်းချုပ်ခဲ့ပြီး ရဲဘက်က ပြောင်းချောသေနတ်တစ်လက်၊ ပြောင်းတိုသေနတ်တစ်လက်နှင့် ဓားအလက်များစွာ သိမ်းဆည်းရမိခဲ့သည်။ Cole Allen သည် ရက်အနည်းငယ်စော၍ ဟိုတယ်၌ ဝင်ရောက်တည်းခိုခဲ့ပြီး အချင်းဖြစ်ရပ် မဖြစ်ပွားမီ ၁၀ မိနစ်ခန့်အလိုတွင် မိသားစုဝင်များထံသို့ အီးမေးလ်ပို့ဆောင်၍ ဟိုတယ်လုံခြုံရေးလိုအပ်ချက်သည် “မယုံနိုင်ဖွယ်ရာပင်ဖြစ်ကြောင်း” လှောင်ပြောင်ပြောဆိုခဲ့သည်ဟု အမေရိကန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် အမေရိကန်ပြည်သူများက နိုင်ငံရေးအကြမ်းဖက်မှုအပေါ် အာရုံစိုက်မှု ပြန်လည်ဖြစ်ပွားစေခဲ့သည်။ Karoline Leavitt က ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်ပြည်တွင်းနိုင်ငံရေးအကြမ်းဖက်မှု တိုးပွားလာမှု၏ တာဝန်ကို ဒီမိုကရက်တစ်ပါတီဝင်များအပေါ် ပုံချရန် ကြိုးပမ်းခဲ့ပြီး ဒီမိုကရက်တစ်ပါတီဝင် လွှတ်တော်အမတ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၏ ပြောဆိုချက်များစွာကို ဥပမာပေးပြောဆိုကာ ၎င်းတို့က “အကြမ်းဖက်မှုကို လှုံ့ဆော်သည်” ဟု ပြစ်တင်ပြောဆိုခဲ့ပြီး ထရမ့်နှင့် ရီပက်ဘလစ်ကန်ပါတီဝင်များ၏ လှုံ့ဆော်မှုပြောဆိုချက်များကိုမူ တစ်လုံးမျှ ထည့်ပြောသွားခြင်းမရှိဟု အမေရိကန် CNN သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

————————-
(Chinese Version)
白宫记协晚宴枪手被控企图刺杀总统 或判终身监禁
新华社华盛顿4月27日电 美国白宫记者协会晚宴枪击案嫌疑人科尔·艾伦27日在哥伦比亚特区联邦地区法院首次出庭,被正式指控企图刺杀总统特朗普、跨州运输武器以及在暴力犯罪中使用枪支。
法官马修·沙博下令艾伦还押候审,定于本月30日举行听证会决定是否继续羁押。
据美国媒体报道,若罪名成立,仅企图刺杀总统这一项,艾伦就将被判处终身监禁。
稍后举行的新闻发布会上,代理司法部长托德·布兰奇为晚宴安保措施辩护,称执法部门“没有失职”,安保措施按预期发挥了作用。“我们也应该认识到哪些事情没有发生。执法部门没有失职……他们完全按照训练内容行事。这不是一起‘事故’。”
白宫发言人莱维特当天表示,白宫办公厅主任苏珊·怀尔斯本周将召集联邦特勤局和国土安全部高级官员开会,评估如何确保特朗普在重大活动中安全的方案。
美国今年夏天将迎来一系列大型赛事和活动,包括足球世界杯、建国250周年庆典。
白宫记协晚宴25日在华盛顿希尔顿酒店地下宴会厅举行,特朗普夫妇、副总统万斯等政要出席。监控录像显示,艾伦持枪快速冲过酒店安检关卡,安保人员拔枪追击,双方发生交火。艾伦在宴会厅外走廊被制伏,警方收缴一支霰弹枪、一把手枪和多把刀具。美媒报道,艾伦提前数天入住酒店,在事发前约10分钟向家人发送电子邮件,嘲讽酒店安保缺陷“令人难以置信”。
这一事件再次引发美国公众对政治暴力的关注。美国有线电视新闻网报道,莱维特27日在记者会上试图将美国国内政治暴力增加的责任推卸给民主党人,列举一长串民主党籍议员、州长的言论,指责他们“煽动暴力”,但对特朗普和共和党人的煽动性言论只字不提。(完)
图说:4月27日,在美国首都华盛顿,媒体记者在美国哥伦比亚特区联邦地区法院附近守候。新华社记者 李睿 摄