China
ပြည်ထွက် အခွန်ပြန်အမ်းခြင်း မူဝါဒသစ် ကျင့်သုံးသည့် တစ်နှစ်တာကာလတွင် အခွန်ပြန်အမ်းသည့် ရောင်းအားပမာဏ ယမန်နှစ်ကာလတူထက် ၉ ဆကျော် မြင့်တက်
ပေကျင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဧပြီလတွင် တရုတ်နိုင်ငံသည် “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” ဝန်ဆောင်မှုအစီအမံကို နိုင်ငံတစ်ဝန်း ဘက်စုံကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့ရာ လက်ရှိအချိန်အထိ အဆိုပါအစီအမံကို တည်ငြိမ်ချောမွေ့စွာ အကောင်အထည်ဖော်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ရေးရာ ဦးစီးဌာနမှ ဧပြီ ၂၇ ရက်တွင် သိရှိသည်။
တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံး၌ အခွန်ပြန်အမ်းရန် လျှောက်ထားသူဦးရေမှာ ယမန်နှစ် အလားတူကာလထက် ၁၂.၉၆ ဆ တိုးမြင့်လာပြီး အခွန်ပြန်အမ်းမှုရှိသည့် ရောင်းအားပမာဏနှင့် အခွန်ပြန်အမ်းမှုပမာဏတို့မှာ ယမန်နှစ်အလားတူကာလထက် ၉.၃၅ ဆ မြင့်တက်ခဲ့ကြောင်း၊ ပြည်ထွက် အခွန်ပြန်အမ်းခြင်းဖြစ်သည့် “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” အစီအမံသစ်သည် သိသာထင်ရှားသော အောင်မြင်ထိရောက်မှုများရှိကြောင်း သိရသည်။
ပြည်ထွက် အခွန်ငွေပြန်အမ်းခြင်းဖြစ်သည့် “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” အစီအမံသစ်ဆိုသည်မှာ ပြည်ထွက် အခွန်ပြန်အမ်းခြင်း မူဝါဒကျင့်သုံးနေပြီးဖြစ်သော ဒေသများတွင် ပြည်ပခရီးသွားဧည့်သည်များသည် “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” သည့် ဈေးဆိုင်များတွင် အခွန်ပြန်အမ်းပေးသည့်ကုန်ပစ္စည်းများကို ဝယ်ယူသည့်အခါ သဘောတူညီချက်လက်မှတ်ရေးထိုးပြီး Credit Card ဖြင့် အကြိုခွင့်ပြုချက်ရယူကာ အဆိုပါ ဆိုင်တွင်ပင် အခွန်ပြန်အမ်းငွေနှင့် ညီမျှသော တရုတ်ယွမ်ငွေကို ချက်ချင်းထုတ်ယူနိုင်ခြင်းကို ဆိုလိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံတစ်ဝန်း “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” ဝန်ဆောင်မှုပေးသော အခွန်ပြန်အမ်းပေးသည့် ဈေးဆိုင်ပေါင်း ၈,၀၀၀ ကျော်ရှိပြီဖြစ်ရာ ယင်းဝန်ဆောင်မှုအစီအမံသည် လွန်ခဲ့သည့်တစ်နှစ်က တစ်နိုင်ငံလုံး၌ တိုးချဲ့ဆောင်ရွက်သည့် ကနဦးကာလနှင့်နှိုင်းယှဉ်ပါက ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။
တရုတ်နိုင်ငံ ဗဟိုဘဏ္ဍာရေးနှင့် စီးပွားရေး တက္ကသိုလ်၊ ဘဏ္ဍာရေးနှင့် အကောက်ခွန်ရေးရာကျောင်း အကြီးအကဲ ဖန်ရုန်က ပြည်ထွက် အခွန်ငွေပြန်အမ်းခြင်းဖြစ်သည့် “ချက်ချင်းဝယ်၊ ချက်ချင်း အခွန်ပြန်အမ်းခြင်း” ဝန်ဆောင်မှုအစီအမံ တိုးချဲ့ဖော်ဆောင်ခြင်းသည် ပြည်ဝင်စားသုံးမှု ရှင်သန်စွမ်းအားကို နှိုးဆွပေးခြင်း ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်ကို နိုင်ငံတကာအသွင် ကောင်းမွန်အောင် မြှင့်တင်သည့် အရေးကြီးအောင်မြင်မှုရလဒ်ဖြစ်ကြောင်း၊ ဓမ္မဓိဋ္ဌာန်ကျကျရှုမြင်ရလျှင်လည်း ပြည်တွင်းအမှတ်တံဆိပ်များ နိုင်ငံတကာစင်မြင့်သို့ အားကောင်းစွာ မြှင့်တင်ပေးမှု ဖြစ်ကြောင်း ယူဆသည်။
တရုတ်နိုင်ငံ အကောက်ခွန်ရေးရာဦးစီးဌာန သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နောက်ထပ်ခြေလှမ်းတစ်ရပ်အနေဖြင့် အကောက်ခွန်ဌာနများက ပြည်ထွက်အခွန်ပြန်အမ်းခြင်းမူဝါဒ အစီအမံများကို ဆက်လက်၍ အသေးစိတ်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးနိုင်သည့် နယ်ပယ်များကို အဆက်မပြတ် တိုးချဲ့ခြင်း၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းစဉ်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်ခြင်းတို့ဖြင့် ပြည်ပခရီးသွားဧည့်သည်များ၏ ဈေးဝယ်ယူပြီး အခွန်ပြန်အမ်းငွေရယူလိုသည့် လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ဝင်သူများ၏ သုံးစွဲမှုကို မြှင့်တင်ရန်နှင့် အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှု ကို ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ခိုင်မာသော ကျားကန်မှုအား ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
离境退税新政一年来退税销售额同比增长超9倍
新华社北京4月27日电(记者刘开雄)记者4月27日从国家税务总局获悉,2025年4月,我国在全国范围内全面推广离境退税“即买即退”服务措施。截至目前,该措施已平稳实施满一周年。一年来,全国办理人数同比增长12.96倍,退税销售额和退税额同比均增长9.35倍。离境退税“即买即退”新举措成效显著。
离境退税“即买即退”,是指在已实施离境退税政策的地区,境外旅客在“即买即退”商店购买退税物品时,签订协议书并办理信用卡预授权后,即可在该商店现场申领与退税款等额的人民币。目前,全国提供“即买即退”服务的退税商店已超8000家,较该服务措施一年前全国推广之初,增幅超100%。
中央财经大学财政税务学院院长樊勇认为,离境退税“即买即退”服务措施的推广落地,有效激发了入境消费活力,是我国持续优化国际化营商环境的重要成果,客观上也有力促进了本土品牌走向国际舞台。
国家税务总局有关司局负责人表示,下一步,税务部门将继续落实落细离境退税政策措施,不断拓展服务场景、优化服务流程、提升服务质效,更好满足境外旅客购物离境退税需求,为扩大入境消费、服务高水平对外开放提供有力支撑。(完)
1. This photo shows a tax free shop in southwest China’s Chongqing Municipality, May 2, 2025. (Xinhua/Huang Wei)
