China
တရုတ်ဆေးပညာရှင် Sitara-i-Pakistan ဆု ချီးမြှင့်ခံရ
ချန်ရှား၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသား နှလုံးအထူးကုဆရာဝန် ဖန်းရှန်ပင်းသည် ပါကစ္စတန်နိုင်ငံအတွင်း ဆေးဘက်ဆိုင်ရာအကူအညီပေးရေးတွင် ၎င်း၏ပံ့ပိုးကူညီမှုများအတွက် အသိအမှတ်ပြုခံရသည့်အနေဖြင့် Sitara-i-Pakistan ဆု ချီးမြှင့်ခံရကြောင်း သိရသည်။
ယင်းဆုကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၏ မြို့တော်ချန်ရှားတွင် ပါကစ္စတန်နိုင်ငံ သမ္မတ အဆစ်ဖ် အလီ ဇာဒါရီမှ ဧပြီ ၂၆ ရက်၌ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
တရုတ်ဆေးသိပ္ပံအကယ်ဒမီအောက်ရှိ တရုတ်နိုင်ငံ ဖုဝိုက်ဆေးရုံ၏ ဒုတိယဥက္ကဋ္ဌ Pan နှင့် ၎င်း၏အဖွဲ့က မွေးရာပါနှလုံးရောဂါ (CHD) ကို အဓိကထားသည့် နှစ်နိုင်ငံအကူအညီပေးရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၅ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံရှိ ဒေသခံဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၀၀ ခန့်အတွက် အထူးလေ့ကျင့်ပေးမှုများ ဆောင်ရွက်ခဲ့သည်။ ထိုစီမံကိန်းမှာ CHD ကုသမှုတွင် တရုတ်-ပါကစ္စတန် နည်းပညာပူးပေါင်းဆောင်ရွက်မှု၏ ပထမဆုံးသော အထိမ်းအမှတ်လည်းဖြစ်သည်။
ပါကစ္စတန်နိုင်ငံ သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ၏ တရုတ်နိုင်ငံခရီးစဉ်မှာ ဧပြီ ၂၅ ရက်မှ မေ ၁ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ဟူနန်ပြည်နယ်နှင့် ဟိုင်နန်ပြည်နယ်သို့ သွားရောက်မှုများ ပါဝင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဧပြီ ၂၇ ရက်၌ ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ဆေးသိပ္ပံအကယ်ဒမီ၊ ပေကျင်းအခြေစိုက် ဖုဝိုက်ဆေးရုံ၏ ဒုတိယဥက္ကဋ္ဌနှင့် ပါမောက္ခ ဖန်းရှန်ပင်းအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည့်အနေဖြင့် ဥဇဘက်ကစ္စတန်နိုင်ငံ မြို့တော်တက်ရှ်ကန့်တွင် အဇစ်နှင့် ၎င်း၏မိခင်တို့က ပန်းစည်းလက်ဆောင်ပေးနေသည်ကို ၂၀၂၅ ခုနှစ် မေ ၁ ရက် တွေ့ရစဉ် (ဓာတ်ပုံ – Fuwai Hospital/Handout via Xinhua)
…………………
(English Version)
Chinese medical expert awarded the Sitara-i-Pakistan
CHANGSHA, April 27 (Xinhua) — Chinese cardiologist Pan Xiangbin has been granted the Sitara-i-Pakistan award in recognition of his contributions to medical assistance in the country.
The award was conferred on Sunday by Pakistani President Asif Ali Zardari in Changsha, capital of central China’s Hunan Province.
Pan, vice president of China’s Fuwai Hospital under the Chinese Academy of Medical Sciences, and his team conducted intensive training for about 200 local medical personnel in Pakistan in 2025 as part of a bilateral assistance project focused on congenital heart disease (CHD). That project marked the first-ever China-Pakistan technical collaboration in CHD treatment.
Pakistani President Asif Ali Zardari’s China trip runs from April 25 to May 1, and includes visits to Hunan Province and Hainan Province, Chinese foreign ministry spokesperson Lin Jian said on Monday.
English Caption 1
Pan Xiangbin, vice president and professor of the Beijing-based Fuwai Hospital, Chinese Academy of Medical Sciences, introduces a mobile operation vehicle of his hospital in Beijing, capital of China, May 18, 2025.(Xinhua/Fang Sixian)
English Caption 2
Aziz and his mother present flowers to express their gratitude to Pan Xiangbin, vice president and professor of the Beijing-based Fuwai Hospital, Chinese Academy of Medical Sciences, in Tashkent, Uzbekistan, May 1, 2025. (Fuwai Hospital/Handout via Xinhua)
