Connect with us

International Organizations

အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်အခြေအနေနှင့်ပတ်သက်၍ ဂျပန်ကိုယ်စားလှယ်၏ အခြေအမြစ်မရှိသော ပြောဆိုချက်များကို တရုတ်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြတ်ပြတ်သားသား ချေပ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆိုမာလီယာအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေးတွင် တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေ (အရှေ့၊ အလယ်) ပါဝင်ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်အခြေအနေနှင့်ပတ်သက်၍ ဂျပန်ကိုယ်စားလှယ်၏ အခြေအမြစ်မရှိသော ထင်မြင်ချက်များကို ပြတ်ပြတ်သားသား ချေပကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ဧပြီ ၂၇ ရက် လုံခြုံရေးကောင်စီ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ အဆင့်မြင့် တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။

ဂျပန်ကိုယ်စားလှယ်သည် ၎င်း၏ ပြောကြားချက်များတွင် အရှေ့တရုတ်ပင်လယ်၊ တောင်တရုတ်ပင်လယ်အခြေအနေနှင့်ပတ်သက်၍ အခြေအမြစ်မရှိ ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ပြောကြားချက်များသည် အမှားအမှန်ကို လုံးဝပုံဖျက်ထားခြင်းဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
လက်ရှိတွင် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်အခြေအနေမှာ အလုံးစုံတည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး တောင်တရုတ်ပင်လယ်သည် ကမ္ဘာပေါ်တွင် လွတ်လပ်မှုအရှိဆုံး ပင်လယ်ရေကြောင်းများအနက် တစ်ခုဖြစ်ကြောင်း၊ ဆန့်ကျင်ဘက်အနေဖြင့် ဂျပန်ဘက်ကသာ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ဝင် စစ်သင်္ဘောများကို ထိုင်ဝမ်ရေလက်ကြားအတွင်းသို့ စေလွှတ်၍ အင်အားပြသခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ ရန်စခြင်းများကို ပြုလုပ်ကာ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများထံ လွန်စွာ မှားယွင်းသော သတင်းစကားပေးပို့ခြင်းသည် အင်အားသုံး၍ ထိုင်ဝမ်ရေလက်ကြား ဝင်ရောက်စွက်ဖက်ရန်နှင့် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းတည်ငြိမ်မှုကို ဖျက်ဆီးရန် ကြံစည်နေသည့် ဂျပန်နိုင်ငံရှိ လူအချို့၏ ကြိုးပမ်းမှုများကို ထုတ်ဖော်ပြသခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်အနီးဝန်းကျင်ရှိ နိုင်ငံများအပေါ် ကျူးကျော်မှု၊ ကိုလိုနီပြုအုပ်ချုပ်မှုများ လုပ်ဆောင်ခဲ့သဖြင့် ပြင်းထန်သော သမိုင်းဝင်ပြစ်မှုတာဝန်များရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် နေရာတကာတွင် စစ်အင်အားပြသပြီး ဒေသတွင်းတည်ငြိမ်မှုကို ဖျက်ဆီးမည့်အစား မိမိတို့၏သမိုင်းကြောင်းကို လေးလေးနက်နက်ပြန်လည်ဆင်ခြင်သုံးသပ်ကာ သတိကြီးစွာ ပြောဆိုပြုမူသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမိုင်းတွင် ဂျပန်စစ်ဝါဒ သုံးနေကျဖြစ်သော လှည့်ကွက်များမှာ “ပြင်ပ ခြိမ်းခြောက်မှု” ဖန်တီးခြင်း၊ အမျိုးသားရေးဝါဒ လှုံဆော်ခြင်း၊ နိုင်ငံတော်၏အဖွဲ့အစည်းယန္တရားကို ပြန်ပေးဆွဲအသုံးချခြင်းဖြင့် ပြင်ပသို့ ကျူးကျော်စစ်ပွဲများ စတင်ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဂျပန်လက်ယာယိမ်းအင်အားစုတို့သည် တစ်ကြိမ်တစ်ခါမျှ လေးလေးနက်နက် နောင်တရခြင်းမရှိသည့်အပြင် တရုတ်နိုင်ငံ ထိုင်ဝမ်အရေး၊ ဒုတိယကမ္ဘာစစ်သမိုင်းနှင့် စစ်ရေးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ရန်စစွန့်စားသည့် လုပ်ဆောင်ချက်များကို မကြာခဏ လုပ်ဆောင်ကြကြောင်း၊ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ လွန်ခဲ့သည့်နှစ်က ထိုင်ဝမ်နှင့်ပတ်သက်၍ မှားယွင်းသောပြောဆိုချက်များသည် တရုတ်-ဂျပန် ဆက်ဆံရေးအပေါ် ပြင်းထန်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
လတ်တလောတွင် ဂျပန်အရာရှိများနှင့် နိုင်ငံရေးသမားများသည် ဒုတိယကမ္ဘာစစ်၏ A အဆင့် စစ်ရာဇဝတ်သားများအား ဂုဏ်ပြုထားသော ယာဆူကူနီဂူဗိမာန်သို့ အကြိမ်ကြိမ် သွားရောက်ခဲ့ကြကာ ကျူးကျော်စစ်ပွဲနှင့် စစ်ရာဇဝတ်ကောင်များ၏ အပြစ်ကို ဖုံးကွယ်ရန် ကြိုးပမ်းပြီး ထိုမှတစ်ဆင့် တိုကျိုစစ်ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်ကို စိန်ခေါ်ရန် ကြံစည်ခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်လက်ယာယိမ်းအင်အားစုသည် အခြေခံဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ခြင်း စသည့် နည်းလမ်းများမှတစ်ဆင့် ဂျပန်နိုင်ငံ လုံခြုံရေးမူဝါဒကို တိုက်ခိုက်မှု၊ တိုးချဲ့မှုအသွင် ဦးတည်ချက်ဆီသို့ အဆက်မပြတ် မြှင့်တင်ပြောင်းလဲကာ စစ်ဘက် စက်မှုလုပ်ငန်း စုပေါင်းအုပ်စုကို ပြန်လည်ထူထောင်ခြင်းဖြင့် ဂျပန်နိုင်ငံ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” ကို အရှိန်မြှင့်တင်ရန် ကြံစည်ကြကြောင်း၊ ဂျပန်နိုင်ငံသည် လူသေစေနိုင်သော လက်နက်များ တင်ပို့မှုကို ဖြေလျှော့ပေးခြင်း၊ ထိုးစစ် ဒုံးကျည်များကို ဖြန့်ကြက်ခြင်း၊ စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်ခြင်းနှင့် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်”ကို စွန့်လွှတ်ရန် ပြောဆိုလာခြင်းတို့သည် စစ်ရေးချဲ့ထွင်မှုအတွက် လမ်းခင်းနေသည့် ကြံစည်မှုမှာ ထင်ရှားလှကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ်သည် တိုကျိုစစ်ခုံရုံး တရားရုံးထုတ်စီရင်သည့် နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ ဤတရားရုံးထုတ်စီရင်မှုသည် ဂျပန်စစ်ဝါဒနှင့် စစ်ဝါဒီများ စတင်၍ ဖော်ဆောင်ခဲ့သော ကျူးကျော်စစ်ဆိုင်ရာ ပြစ်မှုများကို စီရင်ခဲ့ပြီး သမိုင်းဖြစ်ရပ်မှန်၊ နိုင်ငံတကာတရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်ပေးခဲ့ကြောင်း၊ နှစ် ၈၀ အကြာ ယနေ့တွင် ဂျပန်၏ “စစ်ဝါဒပုံစံအသစ်” အရှိန်အဟုန်မြင့်တက်လာပြီး ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းကို ပြတ်ပြတ်သားသား တန်ပြန်သင့်ပြီး ဂျပန်စစ်ဝါဒ ပြန်လည်ရှင်သန်လာခြင်းကို လုံးဝခွင့်မပြုသင့်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
中方在联合国安理会严正驳斥日本代表妄议东海、南海局势
新华社联合国4月27日电 中国常驻联合国副代表孙磊27日在安理会海上安全问题高级别公开辩论会上作答辩发言,严正驳斥日本代表妄议东海、南海局势。
孙磊说,日本代表在其发言中妄议东海、南海局势,有关说法完全是颠倒黑白。当前,东海、南海局势保持总体稳定,南海是世界上最自由的航道之一。反倒是日方近来派自卫队舰艇进入台湾海峡耀武扬威、蓄意挑衅,给“台独”分裂势力发出严重错误信号,暴露出日方一些人企图武力介入台海、破坏台海和平稳定的图谋。二战时,日本曾对东海、南海周边国家实施侵略和殖民统治,负有严重历史罪责。日本应该认真反思历史、谨言慎行,而不是到处炫耀武力、破坏地区稳定。
孙磊说,历史上,日本军国主义的惯用伎俩,就是通过制造“外部威胁”、煽动民族主义、绑架国家机器,对外发动侵略战争。如今,日本右翼势力不但从未认真悔改,反而在涉及中国台湾、二战历史和军事安全等问题上,挑衅冒险举动频频。日本首相高市早苗去年发表错误涉台言论,给中日关系带来严重冲击。近期日本官员、政客多次前往参拜供奉有二战甲级战犯的靖国神社,企图为侵略战争和战犯翻案,进而挑战东京审判定论和战后国际秩序。日本右翼势力通过修改宪法等手段,不断推动日本安保政策朝着进攻性、扩张性的方向转变,妄图通过重整军工复合体加速日本“再军事化”。日本放宽杀伤性武器出口、部署进攻性导弹、大幅扩充军费、放风放弃“无核三原则”,为军事扩张铺路的意图昭然若揭。
孙磊说,今年是东京审判开庭80周年,这场审判判定了日本军国主义及军国主义分子发动和实施侵略战争相关罪行,捍卫了历史真相、国际公义和人类尊严。80年后的今天,日本“新型军国主义”成势为患,威胁世界和平稳定。国际社会应坚决予以反击,决不能允许日本军国主义死灰复燃。(完)
图说:2025年12月29日,中国常驻联合国副代表孙磊(前中)在安理会索马里问题紧急公开会上发言,强调中方坚决反对以色列承认索马里兰。 新华社记者 张凤国 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.