Connect with us

China

အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံက ပြိုင်ပွဲသုံးခုမှ ရွှေတံဆိပ်ဆု လေးခု ရရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် အမျိုးသမီး ၄x၆၀ မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲပြီးနောက် အမှတ်တရဓာတ်ပုံရိုက်နေကြသည့် ကြေးတံဆိပ်ဆုရှင်များဖြစ်သော တရုတ်နိုင်ငံမှ ဖုန်လုလု၊ တုန်ယွဲ့ဟွာ ၊ ကျိုးကျင့် နှင့် လီဟဲ့ (ဝဲမှ ယာ) တို့ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆန်းရ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းရမြို့တွင် ကျင်းပနေသော အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံက ဧပြီ ၂၆ ရက်၌ သဲသောင်ပြင်ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပင်လယ်ပြင်ရေကူးပြိုင်ပွဲနှင့် နဂါးလှေလှော်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆု လေးခု ရရှိခဲ့ကြောင်း သိရသည်။
မာရသွန်ရေကူးကျွမ်းကျင်သူ ကျန်းကျစ်ယန် က အမျိုးသား ၅ ကီလိုမီတာပြိုင်ပွဲတွင် ၅၃ မိနစ်နှင့် ၄၆.၀ စက္ကန့်ဖြင့် ချန်ပီယံဆုကို ရရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ Nguyen Huy Hoang နှင့် Mai Tran Tuan Anh တို့က ဒုတိယနှင့် တတိယနေရာ ရရှိခဲ့ကြသည်။
ထို့ပြင် အဆိုပါ သဲသောင်ပြင်ပြေးခုန်ပစ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ပြိုင်ပွဲ၏ နောက်ဆုံးအပိုင်းတွင် အမျိုးသား ၄x၆၀ မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ တရုတ်အပြေးသမား ဟွမ်ရိုချောင်း၊ လီမုန့်ယွမ်ပ ၊ ဝမ်ရှင်းခိုင်နှင့် Ailikuti Yishake တို့က ၂၆.၀၆ စက္ကန့်ဖြင့် ပထမဆုံးပန်းဝင်ခဲ့ကြသည်။ ထိုင်းနိုင်ငံက ၂၆.၆၈ စက္ကန့်ဖြင့် ငွေတံဆိပ်ဆုရရှိခဲ့ပြီး သီရိလင်္ကာနိုင်ငံက ၂၇.၅၇ စက္ကန့်ဖြင့် တတိယနေရာရရှိခဲ့သည်။
“ကျွန်တော်တို့အားလုံး စည်းလုံးညီညွတ်ခဲ့ကြပြီး ပြေးလမ်းပေါ်မှာ ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်၊ အဲဒါက ကျွန်တော်တို့ အောင်ပွဲရဲ့ အဓိကသော့ချက်ပါပဲ” ဟု Wang က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် ဥဇဘက်ကစ္စတန်နိုင်ငံမှ Barnokhon Sayfullaeva က ၁.၈၅ မီတာ ခုန်ပြီး ချန်ပီယံဆုကို ရရှိခဲ့သည်။ အသက် ၂၁ နှစ်အရွယ် Barnokhon က ၎င်း၏ ပထမဆုံးကြိုးပမ်းမှု၌ ၁.၇၀ မီတာ၊ ၁.၇၅ မီတာ၊ ၁.၇၈ မီတာနှင့် ၁.၈၁ မီတာတို့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ၁.၈၃ မီတာတွင် ပထမဆုံးအကြိမ် မအောင်မြင်ပြီးနောက် ၁.၈၃ နှင့် ၁.၈၅ တို့ကို ဆက်တိုက်ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ၁၅ ကြိမ်မြောက် အမျိုးသားအားကစားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော တရုတ်နိုင်ငံမှ ရှောက်ယွီချီနှင့် ဟူလျင်ဖုန် တို့က ၁.၈၃ မီတာဖြင့် ဒုတိယနေရာကို ပူးတွဲရရှိခဲ့သည်။
အမျိုးသား သံလုံးပစ်ပြိုင်ပွဲတွင် အီရန်နိုင်ငံမှ Hassan Ajamibakhtiarvand က နောက်ဆုံးအဆင့်တွင် ၂၀.၁၇ မီတာ ပစ်ခြင်းဖြင့် ရွှေတံဆိပ် ရရှိခဲ့ပြီး ယင်းမှာ ၎င်း၏ တစ်ကိုယ်တော် အကောင်းဆုံး စံချိန်ဖြစ်သည်။ တရုတ်နိုင်ငံမှ ချန်ချိန်ယွီ က ၁၉.၉၅ မီတာဖြင့် ငွေတံဆိပ် ရရှိခဲ့ပြီး အသင်းဖော် ကျန်းဟောက်ချန် က ၁၉.၆၉ မီတာဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။
ထို့နောက် အမျိုးသမီး ၄x၆၀ မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင်မူ ထိုင်းနိုင်ငံက ပန်းဝင်ချိန် ၂၉.၄၆ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံက ၂၉.၇၃ စက္ကန့်ဖြင့် ဒုတိယနေရာ ရရှိခဲ့ကာ တရုတ်နိုင်ငံက ၃၀.၄၂ စက္ကန့်ဖြင့် တတိယနေရာ ရရှိခဲ့သည်။
နဂါးလှေလှော်ပြိုင်ပွဲ၌ တရုတ်နိုင်ငံက အမျိုးသမီး ၄၀၀ မီတာ ဂရင်းဖိုင်နယ်ပြိုင်ပွဲတွင် ပန်းဝင်ချိန် တစ်မိနစ်နှင့် ၄၈.၈၉၉ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့ပြီး ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်မကာအိုတို့က ဒုတိယ၊ တတိယနှင့် စတုတ္ထနေရာတို့ အသီးသီးရရှိခဲ့သည်။ အမျိုးသားပြိုင်ပွဲတွင်မူ တရုတ်နိုင်ငံက တစ်မိနစ်နှင့် ၃၄.၉၉၀ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး ထိုင်းနှင့် ဟောင်ကောင်တို့က ငွေနှင့် ကြေး တံဆိပ်တို့ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် ပင်လယ်ပြင်ရေကူးခြင်း အမျိုးသား ၅ ကီလိုမီတာပြိုင်ပွဲ၌ အနိုင်ရပြီးနောက် အမှတ်ရဓာတ်ပုံရိုက်နေသည့် တရုတ်နိုင်ငံမှ ကျန်းကျစ်ယန် ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲအတွင်း အောင်မြင်စွာ ခုန်နိုင်ပြီးနောက် အောင်ပွဲခံနေသည့် ဥဇဘက်ကစ္စတန်နိုင်ငံမှ Barnokhon Sayfullaeva ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှသဲသောင်ပြင်အားကစားပြိုင်ပွဲတွင် လာအိုအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့၏ teqball အားကစားနည်း အမျိုးသားနှစ်ယောက်တွဲ ပဏာမအဆင့် အုပ်စု D ပွဲစဉ်ပြီးနောက် လာအိုအသင်းမှ Chaitavanh Inthalapheth (ယာဘက် ဒုတိယ) နှင့် Phonesavanh Phimmachak (ယာဘက် ပထမ) က ဖိလစ်ပိုင်အသင်းမှ Prince Agustin (ဝဲဘက် ပထမ) နှင့် Anel Jr. Pacis တို့အား နှုတ်ဆက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
China takes four golds from three events at Asian Beach Games
SANYA, April 26 (Xinhua) — China took four gold medals in beach athletics, open water swimming and dragon boat racing at the ongoing Asian Beach Games here on Sunday.
Marathon swimming specialist Zhang Ziyang won the men’s 5km title in 53 minutes and 46.0 seconds, with Nguyen Huy Hoang and Mai Tran Tuan Anh of Vietnam finishing second and third.
In beach athletics, China pocketed gold in the men’s 4x60m relay final in the closing part of the event. Chinese sprinters Huang Youchao, Li Mengyuan, Wang Xinkai and Ailikuti Yishake crossed the line first in 26.06 seconds. Thailand took silver in 26.68, with Sri Lanka third in 27.57.
In the women’s high jump, Barnokhon Sayfullaeva of Uzbekistan won the title with a leap of 1.85 meters. The 21-year-old cleared 1.70, 1.75, 1.78 and 1.81 at her first attempt, then, after a first failure at 1.83, composed herself to go over 1.83 and 1.85 in succession. China’s Shao Yuqi, champion at the 15th National Games, and Hu Linpeng shared second place at 1.83.
In the men’s shot put, Iran’s Hassan Ajamibakhtiarvand took gold with a final-round throw of 20.17m, a personal best. China’s Chen Chengyu claimed silver with 19.95m and teammate Zhang Haochen took bronze with 19.69m.
In the women’s 4x60m relay, Thailand stormed to victory in 29.46 seconds. The Philippines finished second in 29.73, while China ranked third in 30.42s.
In the dragon boat competition, China won the women’s 400m grand final in one minute and 48.899 seconds, with Thailand, Vietnam and Macao, China finishing second to fourth. In the men’s event, China also took gold in one minute and 34.990 seconds, while Thailand and Hong Kong, China claimed silver and bronze, respectively. ■
English Caption 1
(from L to R) Bronze medalists Feng Lulu, Dong Yuehua, Zhou Jing and Li He of China pose after the women’s 4x60m relay at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 26, 2026. (Xinhua/Pan Yulong)
English Caption 2
Zhang Ziyang of China poses after winning the open water swimming men’s 5km at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 26, 2026. (Xinhua/Bei He)
English Caption 3
Barnokhon Sayfullaeva of Uzbekistan celebrates a successful leap during the women’s high jump at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 26, 2026. (Xinhua/Pan Yulong)
English Caption 4
Chaitavanh Inthalapheth (2nd R) and Phonesavanh Phimmachak (1st R) of Laos greet Prince Agustin (1st L) and Anel Jr. Pacis of the Philippines after their teqball men’s doubles preliminary round Group D match at the 6th Asian Beach Games in Sanya, south China’s Hainan Province, April 26, 2026. (Xinhua/Hu Jingwen)