Connect with us

Myanmar

၂၀၂၄ ခုနှစ် အောက်တိုဘာ ၇ ရက် အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

-စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၆၄၅၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ (၇/၁၀/၂၀၂၄ – MOI)

-အမျိုးသားကင်ဆာရောဂါကုသရေးဌာန(ဒဂုံဆိပ်ကမ်း) တစ်ရက်လျှင် ကင်ဆာလူနာ ၅၀ မှ ၁၀၀ အထိ ကုသမှုပေးနိုင်မည် အထူးကုဆေးရုံသစ်ကြီး – ရန်ကုန် တည်ဆောက်ရေးစီမံကိန်းများ ကြည့်ရှုစစ်ဆေး (၇/၁၀/၂၀၂၄ – MOI)

-ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင် (၇/၁၀/၂၀၂၄ – MOI)

-မနက်ဖြန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက် (၇/၁၀/၂၀၂၄ – MRTV)

-မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးတင်ပို့ရောင်းချသူများအသင်းမှ မြန်မာ့လက်ဖက် စုပေါင်းပိုင်အမှတ်တံဆိပ် စတင်ဖော်ပြခြင်းနှင့် မြန်မာ့လက်ဖက် စုပေါင်းပိုင် အမှတ်တံဆိပ်မှ တစ်ဆင့် လက်ဖက်တန်ဖိုး ကွင်းဆက်မြှင့်တင်ခြင်း ဆွေးနွေးပွဲ ကျင်းပ (၇/၁၀/၂၀၂၄ – MRTV)

-ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် လျှောက်ထားရယူပြီး အလုပ်သမားသက်သေခံကတ်ပြား (OWIC) လျှောက်ထားရယူခြင်းတို့ကို ဆောင်ရွက်ပြီး တရားဝင်သွားရောက်ကြရန် တိုက်တွန်းနှိုးဆော် (၇/၁၀/၂၀၂၄ – MRTV)

-စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်)ဖြင့် စက်သုံးဆီဝယ်ယူရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆီဆိုင်ကြီးများတွင် ကနဦးစမ်းသပ်အသုံးပြုရန် စီစဉ်လျက်ရှိ (၇/၁၀/၂၀၂၄ – MRTV)