Connect with us

International Organizations

တစ်ဖက်သတ် ဖိအားပေး အရေးယူမှုဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့် အစည်းအဝေး ဂျီနီဗာမြို့၌ ကျင်းပ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဗီဒီယိုမှတစ်ဆင့် တစ်ဖက်သတ် ဖိအားပေး အရေးယူမှုများဆိုင်ရာ ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးသို့ တက်ရောက်ကာ အဓိကအမှာစကား ပြောကြားနေသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးလက်ထောက် မြောင်သဲယွီအား နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တစ်ဖက်သတ် ဖိအားပေး အရေးယူမှုဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့် အစည်းအဝေးကို ဂျီနီဗာမြို့၌ နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါ အစည်းအဝေးကို “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ကာကွယ်ရေး မိတ်ဆွေများအဖွဲ့” မှ အဖွဲ့ဝင်နိုင်ငံများနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ တစ်ဖက်သတ် ဖိအားပေး အရေးယူမှုက လူ့အခွင့်အရေးအပေါ် အပျက်သဘောသက်ရောက်မှုများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Alena Douhan တို့ ပူးတွဲကျင်းပခြင်းဖြစ်သည်။ အစည်းအဝေးသို့ ရုရှား၊ ဘီလာရုဇ်၊ ဗင်နီဇွဲလား၊ ကျူးဘား၊ အီရန်၊ ဇင်ဘာဘွေ စသည့်နိုင်ငံတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ဂျီနီဗာမြို့ရှိ သက်ဆိုင်ရာနိုင်ငံများ၏ အမြဲတမ်းကိုယ်စားလှယ်များ၊ ကုလသမဂ္ဂစနစ် ကိုယ်စားလှယ်များ၊ နိုင်ငံအသီးသီးမှ ပညာရှင်များ အပါအဝင် လူဦးရေ ၁၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။ သက်ဆိုင်ရာအဖွဲ့အားလုံးက မိန့်ခွန်းပြောရာတွင် အများအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တစ်ဖက်သတ် ဖိအားပေးအရေးယူမှု၏ အန္တရာယ်များကို ပိုမိုသိရှိစေရန်၊ တန်းတူညီမျှမှုနှင့် လေးစားမှုကို အခြေခံ၍ စည်းလုံးညီညွတ်မှုရှိစွာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန်၊ တစ်ဖက်သတ် ဖိအားပေးအရေးယူမှုများကို အတူတကွ ဖယ်ကြဉ်ရန်နှင့် ၎င်း၏ ဆိုးကျိုးသက်ရောက်မှုများကို ပယ်ဖျက်ရန် တိုက်တွန်းခဲ့ကြသည်။ (Xinhua)

……………………………….
(Chinese Version)
联合国单边强制措施问题高级别会议在日内瓦举行
新华社日内瓦11月22日电 11月21日至22日,联合国单边强制措施问题高级别会议在日内瓦举行。会议由“捍卫《联合国宪章》之友小组”成员国和联合国人权理事会单边强制措施对人权负面影响问题特别报告员阿莱娜·杜晗共同举办。俄罗斯、白俄罗斯、委内瑞拉、古巴、伊朗、津巴布韦等国高级别代表及有关国家常驻日内瓦使节、联合国系统代表、各国专家学者等近百人出席会议。各方发言普遍呼吁国际社会提高对单边强制措施危害性的认识,在平等尊重基础上加强团结协作,共同抵制单边强制措施、消除其负面影响。
图说:11月21日,在瑞士日内瓦,中国外交部部长助理苗得雨以视频方式出席联合国单边强制措施问题高级别会议并作主旨发言。新华社记者 马汝轩 摄