Myanmar
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်လျာထားမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့
တက်ရောက်(၁၂/၁၂/၂၀၂၄ – MOI)
-တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်နှင့် (MSMEs) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားအား တက်ရောက်ကြည့်ရှုအားပေး (၁၂/၁၂/၂၀၂၄ – MOI)
-ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေး မွေးမြူရေးခြံများအား ကြည့်ရှုအားပေး (၁၂/၁၂/၂၀၂၄ – MOI)
-ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး (၁၂/၁၂/၂၀၂၄ – MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်(၁၂/၁၂/၂၀၂၄ – MOI)
-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် (၁၂/၁၂/၂၀၂၄ – MOI)
-မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ ( NSSA) အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကို ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျင်းပ (၁၂/၁၂/၂၀၂၄ – MRTV)
-အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီမှ အမျိုးသားပညာရေးဝန်ဆောင်မှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို ပထမအကြိမ်ကျင်းပ
-၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်လျက်ရှိ