China
နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်မှုစင်္ကြံသစ်က ကမ္ဘာတစ်ဝန်း ဆိပ်ကမ်း ၅၅၅ ခုနှင့် ချိတ်ဆက်ထား
တရုတ်နိုင်ငံ အနောက်ပိုင်း ဒေသများကို ကမ္ဘာ့ဈေးကွက်များနှင့် ချိတ်ဆက်ထားသည့် အရေးပါသော ထောက်ပံ့သယ်ယူပို့ဆောင်ရေးကွန်ရက် ဖြစ်သည့် နိုင်ငံတကာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်က ကမ္ဘာတစ်ဝန်း ဆိပ်ကမ်း ၅၅၅ ခုနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ အခြေစိုက်ထားသည့် လုပ်ငန်းလည်ပတ်ရာအချက်အချာဖြစ်သော အဆိုပါ ကုန်သွယ်မှုစင်္ကြံသည် ကွမ်ရှီးနှင့် ယူနန် စသည့် တရုတ်နိုင်ငံ တောင်ပိုင်း ပြည်နယ်အဆင့်ဒေသများကို ဖြတ်သန်း၍ ရထားလမ်းများ၊ ပင်လယ်ရေကြောင်းလမ်းများနှင့် အဝေးပြေးလမ်းများမှတစ်ဆင့် ကမ္ဘာ့ဆိပ်ကမ်းများကို ချိတ်ဆက်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ထိုကုန်သွယ်ဝန်ဆောင်မှုသည် တရုတ်နိုင်ငံအတွင်း မြို့ ၇၃ မြို့ရှိ နေရာ ၁၅၇ ခုကို လွှမ်းခြုံလျက်ရှိကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0v1
……………………………………..
(English Version)
New International Land-Sea Trade Corridor connects 555 ports worldwide
The New International Land-Sea Trade Corridor, a key logistics network connecting China’s western regions to global markets, has expanded its reach to 555 ports in 127 countries and regions. With an operational hub based in southwest China’s Chongqing Municipality, this trade corridor connects global ports via railways, sea routes and highways through southern Chinese provincial regions such as Guangxi and Yunnan. The cargo service now covers 157 points in 73 domestic cities. xhtxs.cn/0v1
Photo: A vehicle transfers a container at the dry port of the New International Land-Sea Trade Corridor in the Chongqing International Logistics Hub Park in Shapingba District of Chongqing, southwest China, July 30, 2024. (Xinhua/Lyu Shuai)