Connect with us

International Organizations

ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်ကို ဘက်စုံ တစိုက်မတ်မတ် ဖော်ဆောင်ရမည်ဟု တရုတ်ကိုယ်စားလှယ် ပြောကြား

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အနောက်တန်း၊ အလယ်) အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ဆင်ဟွာ/ကုလသမဂ္ဂ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ရေရှည်အပစ်ရပ်ရေးအား အတည်ပြုအာမခံနိုင်ရန် ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်ကို ဘက်စုံ တစိုက်မတ်မတ် ဖော်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေး အရေး တံခါးဖွင့်အစည်းအဝေး၌ ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် အစ္စရေးအနေဖြင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း၌ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

ဖုချုံးက လတ်တလောကာလအတွင်း ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖောက်သည့် အခြေအနေများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက လွန်စွာ စိုးရိမ်ကြောင်း၊ အချင်းဖြစ်ပွားသူများက အပစ်ရပ်ရေး သဘောတူညီချက်ကို ဘက်စုံဖော်ဆောင်ရန်၊ အထူးသဖြင့် လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများ ဝင်ရောက်ခွင့်ပြုရေး၊ ဖမ်းဆီးထိန်းသိမ်းထားသူများ ပြန်လွှတ်ပေးရေး စသည့် ကဏ္ဍများတွင် စေတနာရှိသော၊ တည်ကြည်လေးနက်သော သဘောထားဖြင့် အပစ်ရပ်ရေး သဘောတူညီချက်ပါ တောင်းဆိုချက်များကို တင်းကျပ်စွာ ဖော်ဆောင်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း ဆုံးပါးသွားသူများ အပါအဝင် လူသားအားလုံး၏ ဂုဏ်သိက္ခာကို လေးစားသင့်ကြောင်း၊ ဒုတိယအဆင့် အပစ်ရပ်ရေးဆွေးနွေးမှုကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ အချင်းဖြစ်ပွားသူများက ဆွေးနွေးမှုကို ဆောလျင်စွာ ဖော်ဆောင်ရန် အထူးသဖြင့် အချင်းဖြစ်ပွားသူအပေါ် ဩဇာကြီးမားသည့် နိုင်ငံကလည်း ယင်းအတွက် အခန်းကဏ္ဍမှပါဝင်ရန် နိုင်ငံတကာအသိုက်အဝန်းက တိုက်တွန်း အားပေးသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဖုချုံးက ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းသည် နောက်ထပ် ဂါဇာဖြစ်၍မရဟု ဆိုသည်။ အစ္စရေးက ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ရန်၊ နေထိုင်ရာနေရာ ဆက်လက်တိုးချဲ့ခြင်းအား ရပ်တန့်ရန်၊ အခြေချနေထိုင်များ အကြမ်းဖက်မှုအား လက်တွေ့ကျကျတားဆီးရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ အခြေအနေ ဆောလျင်စွာ အရှိန်လျော့လာရေးအတွက် ဘက်ပေါင်းစုံက အတူတကွ ကြိုးပမ်းဖော်ဆောင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာ၏ စစ်ပွဲအလွန် စီမံခန့်ခွဲရေးတွင် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံခြင်း” အခြေခံမူကိုလိုက်နာ၍ နိုင်ငံတကာအသိုက်အဝန်းက ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ထောက်ခံအားပေးသင့်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ ဂါဇာဒေသ လူသားချင်းစာနာမှု ကယ်ဆယ်ကူညီရေးနှင့် စစ်ပွဲအလွန် ပြန်လည်တည်ဆောက်မှုများ၌ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ၏ အခန်းကဏ္ဍသည် အစားထိုး၍မရသဖြင့် ၎င်းပုံမှန်တာဝန်ထမ်းဆောင်နိုင်မှုကို အာမခံရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” နိုင်ငံရေးလုပ်ငန်းစဉ် တွန်းအားပေးဖော်ဆောင်မှုအတွက် ကြိုးပမ်းမှုကို တိုးမြှင့်ကာ ယင်းအတွက် လိုအပ်သည့်အာမခံချက်များ ပေးရန် တိုက်တွန်းပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန်၊ ပါလက်စတိုင်းပြဿနာ ဘက်စုံတရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်ရေးအတွက် မလျှော့သောဇွဲဖြင့် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………
(Chinese Version)
中国代表:加沙停火协议必须得到全面连贯落实
新华社联合国2月25日电 中国常驻联合国代表傅聪25日在联合国安理会巴以问题公开会上表示,加沙停火协议必须得到全面连贯落实,确保实现持久停火。他同时呼吁以色列停止对约旦河西岸的军事行动。
傅聪表示,近期违反加沙停火协议的情况频繁发生,中方对此严重关切,强烈呼吁当事方全面落实停火协议,特别是在人道物资准入、被扣押人员释放等方面,以善意、严肃的态度严格履行停火协议的要求。在此过程中,所有人包括逝者的尊严,都应该得到尊重。第二阶段停火谈判已被推迟,国际社会应鼓励和支持当事方尽快推进谈判,特别是对当事方有重要影响的国家应为此发挥作用。
傅聪说,约旦河西岸不能成为下一个加沙。中方呼吁以色列停止在约旦河西岸的军事行动,停止扩建定居点,切实遏制定居者暴力,呼吁各方共同努力推动局势尽快降温。
傅聪表示,加沙战后治理必须遵循“巴人治巴”原则,国际社会应为加沙重建提供支持。联合国近东巴勒斯坦难民救济和工程处在加沙人道救助和战后重建中的作用不可替代,必须保障其正常履职。中方呼吁国际社会加大努力推进“两国方案”政治进程,并为此提供必要保障。中方将继续同国际社会一道,为恢复中东地区和平、实现巴勒斯坦问题全面公正持久解决作出不懈努力。(完)
图说:2月3日,在位于纽约的联合国总部,中国常驻联合国代表傅聪(后中)在记者会上发言。新华社发(联合国供图/曼努埃尔·伊莱亚斯摄)