Connect with us

Myanmar

၂၀၂၅ ခုနှစ် မတ် ၄ ရက်အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

– ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆိုင်ရာသုံးသပ်ခြင်းအစည်းအဝေး ကျင်းပ (၄/၃/၂၀၂၅-မြန်မာ့အလင်း)

-ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါသီးနှံ (၅,၈၁၄)ဧက ရာနှုန်းပြည့် သိမ်းဆည်းပြီးစီး (၄/၃/၂၀၂၅-MRTV)

-တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ငါးလုပ်ငန်းစခန်း (၂၅)ခုမှ ဈေးကွက်ဝင် ရေချိုငါးသားပေါက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည် (၄/၃/၂၀၂၅-MRTV)

-မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၅၃)ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့ (၃/၃/၂၀၂၅-MRTV)

-ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တိုက်ကြီးမွေးမြူရေးဇုန်အတွင်းရှိ မွေးမြူရေးခြံများသို့ လှည့်လည်ကြည့်ရူစစ်ဆေး (၄/၃/၂၀၂၅-MOI)

-နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါး ၃၀၃ ဧကအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သွင်းအားစုဖိုးလိုငွေများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက် (၄/၃/၂၀၂၅-MOI)

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကြည်ညို (၃/၃/၂၀၂၅-MRTV)

-၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် အကျုံးဝင်သည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်စုစုပေါင်း (၁၁၆,၁၁၁)ဦးကို တစ်ဦးလျှင်ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် ထောက်ပံ့ပေးနေပြီး စုစုပေါင်းငွေကျပ် (၉ဒသမ၆၉၃) ဘီလီယံကျပ်ကို ပေးအပ်ခဲ့ (၄/၃/၂၀၂၅-MRTV)

-ကျန်းမာရေးဝန်ကြီးဌာနမှ အသည်းရောင်အသားဝါ (အေ)ရောဂါ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ ထုတ်ပြန်ထား ( ၄/၃/၂၀၂၅-MRTV)